Home » » ချစ်သူချော့နည်း ၁ ( Tag )

ချစ်သူချော့နည်း ၁ ( Tag )

Written By မောင်စေတနာ on Thursday, March 24, 2011 | 7:32:00 PM



ဒီနေ့ အလုပ်တွေရှပ် နေတာနဲ့ လက်က နာရီလေးကို ကြည့်လိုက်တော့ ၁ နာရီထိုးနေပြီ။
ထွေးနဲ့ ကျွန်တော် ရွှေတောင်ဆိုင်မှာ တွေ့ဖို့ ချိန်းထားတာ အခုလောက်ဆို စောင့်နေရောပေါ့။
သူ့ဆီက ဖုန်း ဆက်လာပေမဲ့ အပြစ်ရှိသူပီပီ ကျွန်တော် ဖုန်းမကိုင်ခဲ့ ...

ကျွန်တော် ဆိုင်ကိုရောက်တော့ သူ့မျက်နှာလေးက ဒေါသအရိပ်တွေ မြင်နေရတယ်။
ဒါနဲ့ သူရှေ့မှာ ဝင်ထိုင်လိုက်ရင်း ...

ထွေး .... စောင့်နေရတာ ကြာနေပီလား ... အကို နည်းနည်းနောက်ကျသွားတယ်
တောင်းပန်ပါတယ်နော် ထွေး ....

တော်ပါ။ ကိုကို ပြောလိုက်ရင် ဒီစကားတွေပဲ ....
ထွေးကို အလေးအနက်ထားသေးရဲ့လား ... ဂရုစိုက်သေးရဲ့လား ... ဟင် ....

ချစ်တာပေါ့ ထွေးရ ...

ဘာချစ်တာလဲ ... ဒီနေ့ချိန်းထားတာ ဘာဖြစ်လို့ နောက်ကျရတာလဲ ပြောလေ ...

ဟုတ် .... ကိုကို ပြောပြပါ့မယ်။ အခု ထွေးရဲ့ စိတ်တွေကို နည်းနည်းလေး လျှော့ပါနော်

ဘာလို့လျှော့ရမှလဲ ... ဘာလို့နောက်ကျရတာလဲ မသိမချင်း လုံးဝ မလျှော့ဘူး
ကိုကို ပြောပြလေ ... ထွေး ... မေးနေတယ် ...

ဟုတ် .... ကိုကို ပြောပြမယ်နော် ...
ကိုကို မထင်တကာ နောက်ကျပြီးမှ ရောက်လာတာပါ ထွေး ...

ဟင် ....

ဒါဆို .... ဒါဆို ကိုကိုက ဘာသဘောလဲ .... ထွေးကိုရော ချစ်သေးရဲ့ လား ....
ထွေး က ပိုပြီး စိတ်တိုလာပြီ။

ထွေး ... ကိုကို ပြောပြမယ်နော် .... အခုလို နောက်ကျရတာ ထွေးကို အရမ်းချစ်လို့ပါ။

ဘာဆိုင်လို့လဲ ... စိတ်တိုလာပြီနော် ....

မတိုလိုက်ပါနဲ့ ထွေးရယ် ... ကိုကို ပြောပြမယ်နော် ...

ကိုယ့်ချစ်သူက စိတ်ကောက်လို့ ပြန်ချော့ပြီး စိတ်ပြေသွားတဲ့ အခါ ပိုပြီး အချစ်တိုးပွား
စေသတဲ့ ...
ပြီးတော့ စိတ်ဆိုးပြေ သွားတဲ့ ချစ်သူရဲ့ မျက်နှာလေးက တကယ် ချစ်စရာ
ပိုကောင်းသွားကြရော တဲ့ ...
ဒါကြောင့် ဒီနေ့ ကိုကို လည်း ကိုယ့်ချစ်သူလေးကို တမင်
တကာ ချော့ချင်လို့ နောက်ကြမှ ရောက်လာ
မိတာပါ။

အဲဒါ အပြစ်လား ထွေး ... ကိုကို ထွေးကို ဘယ်လောက်ထိ ချစ်တယ် ဆိုတာ ထွေး ...
သိသားပဲ ...

တကယ်လား ... ကိုကို ... ဒီနေ့ နောက်ကျတာ တကယ် ထွေးကို ချစ်လို့ပေါ့နော် ...
ဟုတ်လား ... ကိုကို ...

ဟုတ်တယ်လေ ... ထွေး .... ထွေးကို စိတ်ညစ်အောင် မလုပ်ချင်ပါဘူး ... ဒါပေမဲ့ ထွေးရဲ့
စိတ်တိုနေတဲ့
မျက်နှာလေးကို မြင်ဖူးချင်လို့ ပြီးတော့ ထွေးကို ချော့ချင်လို့ပါ။ ကဲ ... ပါ ...
ကိုကို အခုမောနေလို့
အမောပြေသွားအောင် နည်းနည်းလောက် ပြုံးပြပါနော် ...

သွားပါ .. အခုမှ လာချွဲ မနေနဲ့ .. စိတ်ဆိုးမပြေသေးဘူး ... ဒါပေမဲ့ နောက်တစ်ခါဆို
ဘာပဲဖြစ်ဖြစ် နောက်မကျရဘူးနော် .... အခုရော ထွေး စိတ်ဆိုးနေတာ ချစ်စရာကောင်းလား ...
ဟင် ... ကိုကို

ဟုတ်တယ် ... ထွေးက ခုနာက စိတ်ဆိုးနေတာ အရမ်းချစ်ဖို့ကောင်းတာပဲ ထွေးရယ် ...
ထွေးကို အရင်ကထက်တောင် ပိုချစ်လာမိတယ်။

ဘာဆိုင်လို့လဲ ... ပေါက်ကရ တွေနော် ...
ဆိုင်တာပေါ့ ... ထွေးကို ချစ်လို့ ကိုကို ဒီလို လုပ်လိုက်တာလေ ...

ကောင်းပြီလေ .... ကိုကို က စကားပြောကောင်းတော့လည်း ထွေး ... စိတ်မဆိုးတော့ဘူး ...

ကဲ ... ဒါဆို တစ်ခုခု စားကြမယ်နော် ... ထွေး ...

စိတ်ဆိုးပြေသွားသော ချစ်သူရဲ့ မျက်နှာ လေးပေါ်က အပြုံးလေးကို ကြည့်ရင်း ဒီနေအဖို့
ချစ်သူ နှစ်ယောက် ရင်ခုန် ကြည်နူးစွာ ..... ( xxxxxx )

...................................................................................................................

ဒီပိုစ့်လေးက ဦးဦး မိုးယံ ကရေးခိုင်းတာပါ။ သူ့ကိုကြောက်လို့ သာ
ရေးရတာ .... ကိုယ့်အကြောင်းကို သိပ်မရေးချင်လို့ပါ။

အခုတလော အလုပ်များနေတာရယ် အပြင်ရောက်နေတာရယ် နဲ့
စာမရေးနိုင်သေးလို့ပါ။ နားလည်ပေးကြပါဦးနော် ... နှုတ်ဆက်ပါတယ်ဂျာ ...

ချစ်သူချော့နည်း ( ၂ ) ကို ဆက်လက်တင်ပေးပါ့မယ်ဗျာ။

အောက်က ချစ်သူချော့နည်း များကိုလည်း ဝင်ရောက် ဖတ်နိုင်ပါတယ် ခင်ဗျား။

ကိုမိုးယံ

ကိုညီသူ

Share this article :

4 comments:

ညီသူအိမ် said...

အမြန်ဆက်ပါဗျို့
ချော့နည်း(၂)
လူလည်လေးပဲ..
တမင်ချော့ချင်လို့တောင် နောက်ကျရသတဲ့
သူ့နာရီ ပျက်နေတာတော့ ထည့်မပြောဘူး:P
အမြဲပျော်ရွှင်နိုင်ပါစေ ညီလေးရေ..။

မြတ်နိုး said...

မောင်လေးရေ ...

ကောင်းတယ် ရေးထားတာ
မောင်လေးက လူလည်လေးပဲနော်

ချစ်သူကို ချော့ပြောတတ်တယ်

အားပေးလျှက် ...

မြတ်နိုး

ဇော်ဇော် said...

မှတ်သွားပါတယ်။ နောက်ဆို ပြောရမှာလေ
ကောင်းတာလေေးတွလည်း ဆက်ရေးပေးပါဦးနော် ..

ဖတ်သွားပါတယ်။

ခနွဲ said...

အခုတစ်လော ချစ်သူမရှိသေးပေမယ့် ချော့နည်းများကို ကျွန်တော် အသည်းအသည် လိုက်လံ မှတ်သားနေပါကြောင်း ။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။