Home » » Malware စစ်ဆေးပြီး ကင်းစင်ပါကြောင်း ထောက်ခံချက်လေးပါ။

Malware စစ်ဆေးပြီး ကင်းစင်ပါကြောင်း ထောက်ခံချက်လေးပါ။

Written By မောင်စေတနာ on Wednesday, February 23, 2011 | 8:12:00 PM


ထောက်ခံချက်လေးပါ။

ဒီပိုစ့်လေး ကို မရေးတော့ဘူးလို့ စိတ်ကူးထားပေမဲ့ အခု ကိုယ်တိုင်
ကြုံရတော့ရေးလိုက်ပါတယ်။ အခုတစ်လော ဆိုက်တွေ တော်တော်
များများ Malware ဝဲစွဲတယ် စွဲပေါက်တယ် ဝဲကိုက် နေကြတဲ့ အကြောင်း
လေးပါ။

blog ရေးသူတော်တော်များများလည်း သိနေကြရောပေါ့။
အရင်က ကျွန်တော် စစသိချင်းတစ်ခါ စစ်တော့ ကျွန်တော်ဆိုက်လေးလည်း
ဝဲ မကိုက်သေးပါဘူး။ အခု ဟိုတစ်နေ့ကမှ အစ်ကိုတစ်ယောက်ဖြစ်တဲ့ ကိုလတ်
က ငါ့ညီ ဆိုက်မှာ Malware ဝဲကိုက်နေတယ် ပြောလို့ ပြန်စစ်ကြည့်မှ တစ်ကယ်
ပါပဲ ဝဲကိုက် နေ့တော့တာပဲဗျာ ....



ဒါနဲ့ ကျွန်တော်လည်း ကျွန်တော့် ဆရာကို အကူညီတောင်းရတယ်။
ကိုယ်တိုင် မလုပ်တာလည်း ပါတယ်ပေါ့ဗျာ။ ဆရာကတော့ အလုပ်မအားတဲ့
ကြားကပဲ ချက်ချင်း ဆိုက်ကိုဝင်ပြင်ပေးတာပါပဲ။ အခုတော့ ဝဲကင်းစင်သွားပါ
ပြီဗျာ။ ကျွန်တော်ရဲ့ ဆရာဖြစ်တဲ့ ကိုဝဏ္ဏထွန်း ကိုကျေးဇူးတင်ပါတယ်။

ပြီးတော့ ဝဲကိုက်နေတဲ့ ပိုစ့်တွေမှာ သူများကွန်မန်းပေးထားတဲ့ စာတွေကို လိုက်ဖျက်
ရတော့တာပဲ ။ ပြီးတော့ ကျွန်တော်ဆိုက်မှာ တင်ထားတဲ့ ကောင်းတဲ့ဆိုက်လေးတွေ
ခင်မင်ရတဲ့ ဆိုက်တွေလည်း တော်တော်များများ ဖျက်လိုက်ရပါတယ်။

ဒါကြောင့် ဘာလော့ကာ သူငယ်ချင်းများ မိတ်ဆွေများကိုလည်း ကျွန်တော် တောင်းပန်
ပါတယ် ခင်ဗျား ... အားလုံးအဆင်ပြေမှပဲ ထပ်ပြီး လင့်တွေ တင်ပေးပါ့မယ်။ အခုတော့
နားလည်ပေးကြပါနော် ။

ဒါနဲ့ ရီစရာ ပြောရဦးမယ်။ အစ်မတစ်ယောက်က ဝဲကိုက်နေရင် ဘာလုပ်ရမှာလဲတဲ့
ကျွန်တော်က ပြန်ပြောလိုက်တယ်။ ယားနာ ပျောက်ဆေး ဆောင်ထားပါလို့ ... ဟ ဟ
နောက်တစ်ယောက်က မြွေနှစ်ကောင် (ယားနာပျောက်ဆေး) လိမ်ဆေးရော မရဘူး
လားတဲ့ ... ဟ ဟ ဟ ... ဒီ Malware အကြောင်းနဲ့ တော်တော် ရီရသေးတယ်။

အားလုံးပဲ blog ရေးတဲ့ မိတ်ဆွေများလည်း ကိုယ့်ဆိုက်လေးကို ဝဲကိုက်နေသလား
စစ်ချင်ရင် ဒီနေရာမှာ သွားရောက်စစ်နိုင်ပါတယ်။ ပြီးတော့ တကယ် Malware ဖြစ်နေရင်
တစ်ခါတည်း ပြထားပါတယ်။ သူပြထားတဲ့ လင့်တွေကို ကိုယ်ဆိုက်မှာ ဖျက်ပေးလိုက်ပါ။
ဒါဆို အိုကေသွားပါပြီဗျာ။

အသေးစိပ် ဖတ်ချင်တယ် ဆိုရင် ကိုလင်းထက် ဆိုက်မှာ သွားဖတ်လို့ရပါတယ်။

blog ရေးနေတဲ့ မိတ်ဆွေများ အားလုံး Malware ကင်းကြပါစေဗျာ။

လေး စား ခင် မင်လျှက်

နေဇော်လင်း



Share this article :

1 comments:

ဇော်ဇော် said...

အင်း

ဝဲ ကင်းတော့မိုက်တယ်ပေါ့ဂျာ
သားဆိုက်တောင် ကြောက်နေရတာ
မလုပ်တတ်လို့လေ ...

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။