Home » » မြက်ပင်လေး ၏ ရင်တွင်းဖြစ် ....

မြက်ပင်လေး ၏ ရင်တွင်းဖြစ် ....

Written By နေဇော်လင်း1 on Tuesday, February 14, 2012 | 2:30:00 PM

http://i254.photobucket.com/albums/hh99/atemina/a135_sky_love_500x500.gif

မြက်ပင်လေး ရင်တွင်းဖြစ်

မိုးကိုချစ်လို့

ကိုယ်ဟာ မြက်ပင်လေး

တစ်ပင်ဖြစ်ခဲ့တယ်။

မိုးစက်လေးတွေ

ကြွေကျလို့စိုပြည်လှပ

ကိုယ်ဟာစိမ်းမြခဲ့ရတယ်။


မိုးရှိတဲ့

နေရာတိုင်းမှာ

ကိုယ်ဟာအခင်းတွေဖြစ်ရင်း

မိုးအပေါ်

သံယောဇဉ်တွေထားခဲ့မိတယ်။

မိုးရိပ်တွေ

ပြောင်းရွှေ့လို့

ဆောင်းနေ့ရက်တွေ

ရောက်တိုင်းလည်း

ခိုင်မြဲတဲ့သစ္စာ များနဲ့

နှင်းတွေတဖွဲဖွဲကြားမှာ

စွဲလန်းစွာစောင့်နေတုန်းပဲ .....

မိုး

ဒါ ပေ မဲ့

နွေရောက် ချိန်မှာတော့

သေပျောက်ခြောက်နွမ်း

အလွမ်းတွေ အပြိုင်ပြိုင်နဲ့

ဖုန်ထနေမဲ့ ကိုယ်ရဲ့ဘဝပေါ့ မိုးရယ် .....

နောက်တလီ လှည့်ပြန်လာတဲ့အခါ

စာနာဖေးမလို့

တဖြည်းဖြည်းလေးပဲ့ ဖြစ်ဖြစ်

ညင်သာစွာ

ဟိုး ......

အဝေးကောင်းကင်မြင့်ဆီက

မိုးစက်လေးတွေ

လွင့်ကျထိနန်း

တစ်ဖန်လန်းဆန်းစေရင်း

ကိုယ်ဘဝလေးကို ...

စာနာ နားလည်ပေးပါလို့

မိုး ....

အပေါ် မျှော်လင့်ရင်း

မိုး .....

အပေါ် စောင့်မျှော်နေရင်း

February 14 , 2012 နေ့လေးသို့

ရင်ဖွင့်ပါရစေ . .. မိုး .. ရယ် ....


မျှော်လင့်ချင်း တမ်းတခြင်း များစွာဖြင့်

နေဇော်လင်း

14.2.2012

Share this article :

4 comments:

naylinnhtun said...

ဖုန်အလိမ်းလိမ်းနဲ့ ကိုယ့်ဘဝဆီ
" မိုး " ပြန်ဝင်လာပြီဆိုတော့ . .
ဗွက်တော့ နည်းနည်းထမှာပေါ့ .
ခွင့်လွတ်ပါ ချစ်သူ . . .

အားပေးလျက်ပါ
လှိုင်ဘွား(သီချင်းအိမ်)

ဇော်ဇော် said...

တကယ်ကို ခံစားချက် ဆိုပါလား
သူငယ်ချင်း စိတ်ထိန်းနော်

လန်းတယ် ရေးထားတာ

အားပေးလျှက်
zawzaw

မြတ်နိုး said...

အင်း ..... ယူရေးထားတာ ကောင်းပါတယ်
အားပေးပါတယ်နော် ...

သူရ said...

ဖတ်သွားပါတယ်။
အဲလို ခံစားချက်လေးနဲ့ ရေးထားတဲ့ စာတွေ ဖတ်ချင်ပါတယ်။

ခင်မင်လျှက်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။