Home » » မလေးရှား အလုပ်ခေါ်စာအတုနှင့် သွားသူတို့ ပြန်ပို့ခံရ အေဂျင်စီ နာမည်ပျက်စာရင်း ထုတ်ပြန်ထားခြင်းမရှိဟု မလေးရှားသံရုံး ပြောကြား ...

မလေးရှား အလုပ်ခေါ်စာအတုနှင့် သွားသူတို့ ပြန်ပို့ခံရ အေဂျင်စီ နာမည်ပျက်စာရင်း ထုတ်ပြန်ထားခြင်းမရှိဟု မလေးရှားသံရုံး ပြောကြား ...

Written By မောင်စေတနာ on Saturday, January 29, 2011 | 2:45:00 PM



မလေးရှား အလုပ်ခေါ်စာအတု နှင့် ဗီဇာလျှောက်သည့် ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ အချို့ကို မြန်မာနိုင်ငံဆိုင်ရာ မလေး ရှားသံရုံးမှ နာမည်ပျက်စာရင်း သွင်း လိုက်သည်ဆိုသည့်သတင်း မဟုတ် မှန်ကြောင်း ဇန်နဝါရီ ၁၈ ရက်တွင် ၄င်းသံရုံး က ပြောကြားသည်။”အခုထိ လောလောဆယ် Black list ထုတ်ပြန်ထားတာမျိုး မရှိပါဘူး”ဟု ၄င်းသံရုံးမှ ပေါ်ပြူလာ နယူးစ်၏ မေးမြန်းမှုကို ဖုန်းဖြင့် ဖြေကြားခဲ့ခြင်း ဖြစ်သည်။


မလေးရှားအလုပ်သမား ခေါ် ယူမှု ၂ဝ၁ဝ နှစ်လယ်ပိုင်းတွင် တုံ့ဆိုင်း သွားပြီး နောက် တရားဝင် အေဂျင်စီမဟုတ်ဘဲ ဝန်ဆောင်မှု ဆောင်ရွက်ပေးနေသော ကုမ္ပဏီ အချို့မှာ အလုပ်ခေါ်စာအတုဖြင့် အလုပ် သမား ပို့ဆောင်မှုများ ပြုလုပ် လာခဲ့သည်ဟု မလေးရှားအလုပ်အ ကိုင် ရှာဖွေရေးအေဂျင်စီအသိုင်း အဝိုင်းက ပြောသည်။ ၄င်းတို့သည် အလုပ်ခေါ်စာ အတု၊ မလေးရှားလူဝင်မှုကြီးကြပ် ရေး တံဆိပ် တုံးအတုများဖြင့် ဗီဇာ လျှောက်ကာ အလုပ် သမား တင်ပို့ ကြသည်ဟု ဆိုသည်။

တရားဝင် ဗီဇာလျှောက်ပါက ၇ ရက်ခန့် ကြာ မြင့်ပြီး ၄င်းတို့ဗီဇာလျှောက် လျှင် တစ်ရက်၊ နှစ်ရက် ခန့်နှင့်ရနေ ကြောင်းလည်း အေဂျင်စီအချို့က ပြောသည်။¤င်းအလုပ်ခေါ်စာ အတုဖြင့် ပို့ဆောင်နေသူတို့သည် ဝန်ဆောင်မှု တရားဝင် ကောက်ခံနှုန်းထားထက် လျှော့ကာ ကျပ် ၄ သိန်းခန့်ယူပြီး ပို့ဆောင်ပေးနေခြင်းဖြစ်သည်ဟု သိရသည်။ ထိုသို့ ခေါ်စာအတုနှင့် ပို့ဆောင်ခံရသူတို့သည် တစ်လပြည့် လျှင် မလေးရှား အလုပ် သမားပါမစ် လျှောက်၍မရရှိဘဲ တရားမဝင် နေထိုင်သူ အလိုအလျောက်ဖြစ် လာခဲ့၍ မနေလိုသူအချို့မှာ မြန်မာ နိုင်ငံသို့ ပြန်လာကြကြောင်း သိရ သည်။

ထို့အပြင် ၄င်းတို့ကို မလေး ရှားပို့စဉ်မှာလည်း လေဆိပ်တွင် မလေးရှားအေဂျင်စီက လာမခေါ် ပါက ၂၄ နာရီကျော်လျှင် မြန်မာ နိုင်ငံသို့ လေယာဉ်ဖြင့် ပြန်လည်ပို့ ဆောင် တတ်ကြောင်း သိရသည်။”ယခု ၂ ရက်အတွင်းမှာပဲ လူ ၁ဝဝ နီးပါးလောက် ပြန်ရောက် လာတယ်လို့ကြားရတယ်။ ပြန် ရောက်လာတဲ့လူတွေကို လေဆိပ် မှာအလျှိုလျှို လာကြိုသွားကြတာ်” ဟု ကျောက်တံတား မြို့နယ်မှ မလေး ရှားအလုပ်အကိုင် အေဂျင်စီတစ်ဦး က ပြောသည်။

မလေးရှားမှ အလုပ်သမား ခေါ်ယူမှု ရှားပါးချိန်၊ သွားလိုသူ များချိန်တွင် ထိုသို့ အလုပ်ခေါ်စာ အတုများဖြင့် ဝန်ဆောင်နှုန်းနည်းစွာ ဖြင့်ပင် ပို့ဆောင်ပေးနေခြင်းသည် သွားလိုသူတို့အား ဆွဲဆောင်သိမ်း သွင်းရန် အကောင်းဆုံးအချိန်ဖြစ်နေ ကြောင်း အေဂျင်စီအသိုင်းအဝိုင်းက သုံးသပ်သည်။

http://popularmyanmar.com

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။