Home » » တစ်နှစ်ပတ်လုံး တက်ရောက် သင်ကြားနိုင်သည့် ဓမ္မကျောင်းများ ဖွင့်လှစ်သင်ကြားမှု ကျယ်ပြန့်လာ

တစ်နှစ်ပတ်လုံး တက်ရောက် သင်ကြားနိုင်သည့် ဓမ္မကျောင်းများ ဖွင့်လှစ်သင်ကြားမှု ကျယ်ပြန့်လာ

Written By မောင်စေတနာ on Thursday, October 21, 2010 | 10:10:00 PM

အပတ်စဉ် ကျောင်းပိတ်ရက်တိုင်း ဗုဒ္ဓဘာသာလူငယ် ယဉ်ကျေးမှုသင်တန်း ဓမ္မကျောင်းများကို မူကြိုအရွယ်မှစတင်၍ တက်ရောက်နိုင်ရန် တိုးချဲ့ဖွင့်လှစ်သင်ကြားမှုများရှိလာကြောင်း သိရှိရပါသည်။

ယခင်က ဗုဒ္ဓဘာသာလူငယ် ယဉ်ကျေးမှုသင်တန်းများကို နှစ်စဉ် နွေရာသီ ကျောင်းပိတ်ရက်များတွင်သာ ဖွင့်လှစ်သင်ကြားပေးလေ့ ရှိသော်လည်း ၂၀၀၉ ခုနှစ် ဇွန်လမှ စတင်၍ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ် မှ တစ်နှစ်ပတ်လုံး အပတ်စဉ်ကျောင်းပိတ်ရက်များတွင် သင်ယူနိုင်ရန် ဓမ္မကျောင်းများကို စတင်ဖွင့်လှစ်သင်ကြားမှုများ ရှိလာကြောင်း သိရသည်။

"ဓမ္မကျောင်းတိုင်းရဲ့သင်တန်းချိန်တွေကို တစ်နေ့နှစ်နာရီခွဲ သတ်မှတ်ထားပါတယ်။ သင်ကြားထဲမှာနာရီဝက် အနားပေးပြီး အာဟာရဒါနကျွေး ပါတယ်။ ပြီးတော့မှပဋိစ္စသမုပ္ပါဒ် အခြေခံ သင်ခန်းစာတွေနဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာပေတွေကို အင်္ဂလိပ် မြန်မာနှစ်ဘာသာနဲ့ သင်ပေးပါတယ်။ သင်တန်းကို သုံးလတစ်ဖြတ် သင်တန်းဆင်းပေးပြီးတော့ သင်တန်းဆင်း လက်မှတ်တွေပါ ထုတ်ပေးပါတယ်။ တချို့သင်တန်းတွေက ငါးတန်းကနေစသင် တဲ့သင်တန်းတွေ ရှိသလို တချို့ကျတော့လည်း မူကြိုအရွယ်ကစပြီး သင်နိုင်အောင် စီစဉ်ထားပါတယ်"ဟု မိုးကုတ်ဝိပဿနာအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့ပါသည်။

အဆိုပါ ဆန်းဒေးဓမ္မကျောင်းများကို မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်မှ စတင်၍ ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းမှလည်း သင်တန်းခွဲငါးခုအား ဖွင့်လှစ်သင်ကြားပေးလျှက် ရှိကြောင်း သိရှိရပါသည်။


"သီရိလင်္ကာနိုင်ငံမှာ ဆန်းဒေး စကူးလ်တွေဖွင့်တာ နှစ်ပေါင်းတစ်ရာ ကျော်နေပါပြီ။ တနင်္ဂနွေနေ့တိုင်းမှာ ကလေးတွေက ဆန်းဒေးစကူးလ်ကို သွားကြတယ်။ မနက် ၇ နာရီကနေ ၁၂ နာရီခွဲအထိပေါ့။ အဲဒီမှာဗုဒ္ဓ ဘာသာ ယဉ်ကျေးမှုသင်ခန်းစာတွေ၊ အင်္ဂလိပ်စာတွေကိုပါ ဘုန်းကြီးကျောင်းတွေက သူငယ်တန်းကနေ တက္ကသိုလ် အထိ ၁၃ တန်းခွဲပြီး ၁၃ နှစ်သင်ပေးတယ်။ ဒီဇင်ဘာမှာ စာမေးပွဲစစ်တယ်။ တစ်နိုင်ငံလုံးကိုလည်း ပြဋ္ဌာန်းပြီးသင်တော့ တစ်နိုင်ငံလုံးကလည်း ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ၁၃ နှစ်တက် ပြီးသား။ ဘာသာတရားနဲ့ ပတ်သက်ပြီး အခြေခံလည်း ခိုင်သွားပြီ။ နောက်ပြီး လက်ရှိ သီရိလင်္ကာနိုင်ငံမှာ အုပ်ချုပ်နေတဲ့သမ္မတနဲ့ ၀န်ကြီးချုပ်ကအစ ဆန်းဒေးစကူးလ် ကျောင်းထွက်ဆိုတဲ့အခါကျတော့ မြန်မာနိုင်ငံမှာလည်း ဆန်းဒေးဓမ္မကျောင်း လုပ်ချင်တဲ့စိတ် ပေါ်လာတယ်။ ကလေးတွေကို ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာအခြေခံ ခိုင်မာစေဖို့အတွက်ကြောင့် မြန်မာနိုင်ငံမှာလည်း ဓမ္မကျောင်းတွေ ဖွင့်ဖြစ်ဖို့ ဖြစ်လာရတာပါ"ဟု ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းမှ ဥက္ကဋ္ဌဆရာဦးလှမျိုး ကပြောပြခဲ့သည်။

အဆိုပါ ဓမ္မကျောင်း သင်တန်းဆင်းများအနေဖြင့်လည်း စေတနာဝန်ထမ်း လက်ဆင့်ကမ်း ပြန်လည် သင်ကြားပေးမှုများလည်း ရှိကြောင်း သိရှိရပါသည်။

မိုးကုတ် ၀ိပဿနာ အဖွဲ့ချုပ်နည်းတူ ဓမ္မကျောင်းများ ဖွင့်လှစ်သင်ကြား ပေးနေသည့် နေရာများ

သင်တန်းကျောင်း နေရာ
၁။ သာသနာ့ အလင်းရောင်ဓမ္မာရုံ စကားစိမ်းလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အလုံ
၂။ အနော်မာ(၇)လမ်းထိပ်ဓမ္မာရုံ အနော်မာ (၇) လမ်းထိပ်၊ သာကေတ
၃။ မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ ၄၈ ကောက်လျှင်လမ်း၊ သုဝဏ္ဏ
၎။ အောင်စကြာ မိုးကုတ်ဝိပဿနာ ဓမ္မာ့ရိပ်သာ ကျိုက်ခေါက်ဘုရားအနီး၊ သန်လျင်
၅။ အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်း ဒေါပုံ

http://www.news-eleven.com/

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။