Home » » ကိုနေလင်းထွန်း မှ ကဗျာ လက်ဆောင် ....

ကိုနေလင်းထွန်း မှ ကဗျာ လက်ဆောင် ....

Written By မောင်စေတနာ on Thursday, September 9, 2010 | 8:07:00 PM



ညီငယ် အတွက် အမှတ်တရ

သတင်းတွေကို
စာရင်းလုပ်
အထုတ်ဖြေ
တင်ပြသူ

သွားလေရာ
ဓါတ်ပုံရိုက်
မှတ်တမ်းတွေပိုက်ပြီး
ဝေငှနေတဲ့သူ

အများအတွက်
ပေးဆပ် အချိန်ကို
မငဲ့ကွက်
အိပ်ရေးပျက်ခံနေတဲ့သူ


စာတွေလည်းရေး
ပညာပေးရင်း
ဗဟုသုတ အတွက်
ခရီးပြင်းနှင်နေတဲ့သူ


မြင်မြင်သမျှ
ခင်မင်ပါရစေလို့ 
ဖော်ရွေပြူငှာ
နှုတ်ခွန်းချိုသာသူ
မာန်မာနအလျှင်းမရှိ
ပီဘိကလေးလို
မိတ်ဆွေကို
ခင်တွယ်တတ်သူ

ပျော်စရာဆိုရင်ထဲပိုက်
စိတ်ညစ်ခိုက်မှာ
လမ်းသလားနေတတ်သူ

အဲ့ဒီသူဆိုတဲ့
ကျွန်တော်တို့ ရဲ့
ညီငယ်လေး ရဲ့
ဆိုဒ်လေးအခုတော့
တစ်နှစ်တင်းတင်းပြည်ခဲ့လို့ 
ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း

ဆုတောင်းမေတ္တာ ပို့ သလိုက်ပါသည် ခင်ဗျား ....

ညီငယ် တစ်ယောက် ပျော်ရွှင် ချမ်းမြေ့ ပါစေဗျား

ခင်မင်လျှက်
အစ်ကို နေလင်းထွန်း

ဒီကဗျာလေးကို
ကျွန်တော်ခင်မင်ရတဲ့ အစ်ကို တစ်ယောက်ဖြစ်တဲ့
သီချင်းအိမ် ဆိုက်လေးမှ
ကိုနေလင်းထွန်း က လက်ဆောင်ပို့ပေးထားတာပါ
ခင်ဗျား။

အခုလို မအားတဲ့ ကြားကနေ လက်ဆောင်
လာပေး ရေးပေး သော

သီချင်းအိမ် ဆိုက်လေးမှ
ကိုနေလင်းထွန်း
အားကျေးဇူး အထူး

တင်ပါတယ်ခင်ဗျား။

အဆင်ပြေ ပျော်ရွှင်ပါစေ အစ်ကို

လေးစားခင်မင်လျှက်
...........................

Share this article :

1 comments:

ဇော်ဇော် said...

ကောင်းတယ်ဗျာ ရေးထားတာမိုက်တယ်

တကယ် အားပေးပါတယ်ခင်ဗျား.....

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။