Home » » နိုင်ငံကူးလက်မှတ် လျှောက်ထားသူများတွင် အမျိုးသမီးဦးရေ ထက်ဝက်ကျော်ပါဝင်

နိုင်ငံကူးလက်မှတ် လျှောက်ထားသူများတွင် အမျိုးသမီးဦးရေ ထက်ဝက်ကျော်ပါဝင်

Written By မောင်စေတနာ on Monday, August 30, 2010 | 7:24:00 PM


photo; www.google.com

၂၀၁၀ ပြည့်နှစ်အတွင်း နိုင်ငံရပ်ခြားသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်ကြသူ များပြားနေလျက်ရှိရာ နိုင်ငံကူးလက်မှတ် လျှောက်ထားသူများထဲတွင် အမျိုးသားများထက် အမျိုးသမီးထက်ဝက်ကျော် ပါဝင်ပြီး အများစုမှာ အလုပ်လုပ်ရန်အတွက် သာဖြစ်ကြောင်း နိုင်ငံကူးလက်မှတ် လျှောက်ထားသူများထံမှ ရရှိသော သတင်းများအရ သိရှိရသည်။

"ခုနောက်ပိုင်း နိုင်ငံကူး လက်မှတ်(ပတ်စပို့) လျှောက်ကြတဲ့ အထဲမှာ ယောက်ျားလေးတွေထက် မိန်းကလေးတွေ ပိုများလာတာတွေ့ရတယ်။ အများစုက နယ်ကလူတွေဖြစ်ပြီး အလုပ်ရရေး အတွက်လို့လည်း သိရတယ်"ဟု နိုင်ငံကူးလက်မှတ် လျှောက်ထားခဲ့သူ ကိုမျိုးဦးက ပြောပြခဲ့သည်။


"ဒီနှစ်ထဲမှာ မိန်းကလေးတွေ နိုင်ငံခြားသွားတဲ့နှုန်းက ခါတိုင်းနှစ်တွေထက် ပိုများလာတာ တွေ့ရတယ်။ အရင်တုန်းက အမျိုးသားတွေလောက်ပဲ မလေးရှားမှာ အလုပ်လုပ်ဖို့ သွားကြတာများတယ်။ နောက်တော့ စင်ကာပူ ကအလုပ်ခေါ်စာတွေ ရလာတော့ စင်ကာပူကို သွားတာများလာတယ်။ အဲဒီနောက်ပိုင်း ဒူဘိုင်းတို့ကာတာတို့ ကိုလည်း သွားကြတာများတယ်။ ခုနောက်ပိုင်း ယောက်ျားလေးတွေထက် မိန်းကလေး ပိုများလာတယ်။ မလေး၊ စင်ကာပူနဲ့ ဒူဘိုင်းထိ ပါသွားကြတာ တွေ့ရပါတယ်။ အဲဒီမိန်းကလေးတွေထဲကမှ နယ်ကမိန်းကလေးတွေ ပိုများလာတာ တွေ့ရပါတယ်"ဟု နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောပြခဲ့သည်။

"သမီးတို့က ပတ်စပို့ရုံးကို တစ်ခေါက်မှမရောက်ဖူးပါဘူး။ ခုမှနိုင်ငံခြားသွားဖို့အတွက် လာလျှောက်တာပါ။ လူတွေကအရမ်းများတော့ ဖောင်တင်ဖို့ကို မနက်အစောကြီးထပြီး တန်းစီစောင့်နေရတယ်။ ကိုယ် မလုပ်တတ်ရင်သူများကို မေးမယ်ဆိုပြီး ပတ်စပို့ကို ကိုယ်တိုင်ပဲလာလျှောက် လိုက်တော့တယ်။ ကိုယ်ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ တခြားစီဖြစ်နေတော့ နည်းနည်းတော့ အခက်တွေ့ တာပေါ့" ဟု ၀ါးခယ်မမြို့နယ်မှ နိုင်ငံ ကူးလက်မှတ် လာလျှောက်သူ မဇင်မာဦးက ပြောပြခဲ့သည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။