Home » » မလိုအပ်ပါဘူး

မလိုအပ်ပါဘူး

Written By မောင်စေတနာ on Tuesday, August 24, 2010 | 4:45:00 AM




မလိုအပ်ပါဘူး

စိုစွတ်ရုံလေးပဲလား ?
ရပါတယ်
မိုးရယ်....

ဘာရာသီမှမရှိတဲ့

ငါ့ ရဲ့ ...........

ခပ်ညံ့ညံ့
ရင်ခုန်သံ

ခေါင်းရင်းနားမှာ


ခြောက်ကပ်ကပ်နိုင်
ခဲ့တာလည်းကြာပါပြီ
အဖူးတွေလည်းမရှိဘူး


အရွက်တွေလည်းမရှိဘူး
အပွင့်တွေလည်း
မရှိခဲ့ပါဘူး


ဘယ်နေ့ ဘယ်အချိန်
စုတ်ပြတ်သတ်သွားမလဲ
ဆိုတဲ့ ဗျာပါဒကြီးနဲ့

ငါ့ကိုယ်ငါ
သောက
ပွားနေမိတဲ့

သစ်ခြောက်ပင်
ကလေးတစ်ပင်ပါ ။


လေးစားစွာဖြင့်
မောင်သူရ (ကုန်းမြင့်မြေ)

ညီငယ် သူရ ပေးပို့ထားတဲ့ ကဗျာလေးပါ။
Share this article :

1 comments:

naylinnhtun said...

ကြိုက်တယ်ဗျ ဒီအနေအထားလေးကို အရမ်းကြီးလည်း မော်ဒန်မကျဘူး ခံစားလို့ ရပါတယ် . . .ကဗျာကောင်းကောင်းလေးတွေရှိသေးရင် ဖတ်ချင်သေးတယ်ဗျာ . .

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။