Home » » စင်္ကာပူရောက် မြန်မာအသိုင်းအ၀ိုင်းမှာ"ငါး"လို့  ခေါ်နေတဲ့ မူးယစ်ဆေးဝါးကို စွဲနေသူဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ ....

စင်္ကာပူရောက် မြန်မာအသိုင်းအ၀ိုင်းမှာ"ငါး"လို့  ခေါ်နေတဲ့ မူးယစ်ဆေးဝါးကို စွဲနေသူဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ ....

Written By မောင်စေတနာ on Sunday, August 15, 2010 | 1:51:00 PM



စင်္ကာပူရောက် မြန်မာအသိုင်းအ၀ိုင်းမှာ " ငါး " လို့ ခေါ်နေတဲ့
မူးယစ်ဆေးဝါးကို စွဲနေသူဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ ....

သူငယ်ချင်းတို့ ရေ ....

ဒီ စလုံးကို ရောက်လာကြတဲ့ ဒို့ မြန်မာပြည်သား လူငယ်တစ်ချို့ ဟာ " ငါး " လို့
ခေါ်တဲ့ မူးယစ်ဆေးဝါးတစ်မျိုးကို သုံးစွဲနေကြတယ်ဆိုတာ ကြားမိကြမှာပဲနော်
ကိုယ့်နိုင်ငံကနေ မိဘအရိပ်ကိုခွဲခွာပြီး နိုင်ငံရပ်ခြားမှာ စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့
ကြိုးစားကြရတယ်။

ဘ၀ကို ဒီလိုမျိုး ရပ်တည်နေကြရတဲ့ အချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ထို
" ငါး " လို့ခေါ်တဲ့ မူးယစ်ဆေးကို သုံးစွဲမိဖြစ်သွားတဲ့၊ မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်
ဘ၀ကို ကျရောက်နေကြတဲ့ လူငယ်တွေ တစ်နေ့တစ်ခြား များပြားနေပြီဆိုတာ
လည်းကြားမိမှာပါနော်- ဘာပဲ ပြောပြော တကယ်တော့ ဒါဟာ ရင်နာစရာတခုပါပဲ။


မိမိတို့ရဲ့ သူငယ်ချင်း၊ ညီအစ်ကို မောင်ဘွား၊ ချစ်သူ ဟာ အကြောင်းအရင်းတစ်စုံတရာ
ကြောင့် ထို "ငါး" ဆိုတဲ့ မူးယစ်ဆေးဝါး သုံးစွဲနေပြီဆိုတာသာ သိနိုင်မယ်ဆိုရင် သူတို့ 
ဘ၀ကို မနစ်မြုပ်အောင် ကယ်တင်ဘို့ အတွက် အချိန်မှီ ဖျောင်းဖြရပါမယ်။

အဲ့ဒီအတွက် သူဟာ "ငါး" စွဲနေတာလား ဆိုတာကို အမူအယာကြည့်ပြီး အကဲခတ်တတ်ဖို့ 
ထိုဆေးစွဲနေတာကို မည်သည့် နည်းလမ်းကို အသုံးပြုပြီး ဖြတ်မယ်ဆိုရင် အောင်မြင်နိုင်တယ်
စတဲ့ ..... နီးစပ်ရာ ကြားဖူးနားဝ ဗဟုသုတလေးများ ရှိရင်



ဒီနေရာလေးမှာ မျှဝေပေးခြင်း
လက်ဆင့်ကမ်းခြင်းအားဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူများကို လူညွှန့်မတုံး၊ ဘ၀မဆုံးစေရန်
ကယ်တင်ရေးလှုပ်ရှားမှု တစ်ခုအဖြစ် သဘောထားပြီး စာပေဗဟုသုတပိုင်းဆိုင်ရာဖြင့်တတ်
အားသလောက် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြအောင်။




(မသင့်တော်သော အရေးအသားနှင့် အမှားအယွင်းတစ်စုံတရာပါရှိခဲ့ပါက
နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။)

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ခင်မင်မှုများစွာဖြင့်
ကဲကဲ0

http://myanmarinsingapore.com/

ကျွန်တော်က ငါးပုံ မသိလိုတဲ့ဗျ .. ဟီးဟီး .. သားက မသောက်ဖူးတာကို ဒီတော့
သား အစ်ကိုကြီး ကိုလတ်က သားကို လာဆူတာပေါ့ဗျာ.. ဒီပုံမှ ငါးပုံတဲ့
ကျေးဇူးနော် အစ်ကို ဓာတ်ပုံပို့ပေးတဲ့အတွက်ပါ။

( ငါး )ဆိုတာဖင်စီဒိုင်ကို ခေါ်တာ အရည် ဆေးလုံးမဟုတ်ဘူး ငတိလေး ရဲ့ ပုံပါပေးလိုက်တယ်။
ဆေးပြားကို ( ပဲ )- လို့ခေါ်တယ် မှတ် ...
နင်က ငါး ကိုတောင်သေချာ မသိဘူး ။ ရေးတဲ့သူကိုပြောလိုက် ငါး ကို နံပါတ်၃(NO.3) နဲ့ ကုရတယ်လို့ ပြောလိုက်။ ခုပေးလိုက်တာ ငါးပုံစစ်စစ် ပဲ ပို့ပေးလိုက် ဦး ဒါပဲ။

ခင်မင်မှု့ဖြင့်

အားလုံးကိုပျော်စေချင်တဲ့

ကိုလတ်
Share this article :

2 comments:

naylinnhtun said...

ဟုတ်ကဲ့ခင်ဗျကျွန်တော်ပြောပါ့မယ် ငါး လို့ ခေါ်ကြတဲ့မူးယစ်ဆေးဝါးကတော့ ကျွန်တော်သိထားတာက ဖင်ဆီဒိုင်းကိုခေါ်ပါတယ်ခင်ဗျ အဲ ..ဒီထက်ပိုပြီးပြောနိုင်တာက ကျွန်တော်ကိုတိုင် ၂ နှစ်နဲ့ ၉လကြာအောင် သုံးခဲ့ဆွဲခဲ့ဖူးပါသဗျ ဘာနဲ့ ဖြတ်လို့ ရလည်းလို့ မေးရင်တော့ စိတ်နဲ့ ဖြတ်လို့ ရပါတယ်ခင်ဗျ ဟဲဟဲ ကျွန်တော်ကတော့ စိတ်နဲ့ ဖြတ်ခဲ့တာမဟုတ်ဘူး မြန်မာပြည်ပြန်ရောက်လို့  ပြတ်သွားတယ်လေ စဉ်းစားကြည့်လေ မြန်မာပြည်မှာ ကျွန်တော်လိုကောင်မျိုး ဖင်ဆီဒိုင်းကိုဝယ်သောက်နိုင်ဖို့ ဝေးစွ မူးရင်တောင်ရူစရာမရှိဖူးလေ ဒါကြောင့်ပြတ်သွားပါကြောင်း အားလုံးကိုခင်မင်လျက်

မေပယ်လ်ရိပ် said...

အင်း အမျိုးမျိုး အဖုံဖုံပါလားနော်..
မူးယစ်စေတာကတော့ေ၇ှာင်နိုင်လေ
ကောင်းလေပါပဲ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။