Home » » စင်္ကာပူမှာ ခါးပိုက်နှိုက် သတိထား

စင်္ကာပူမှာ ခါးပိုက်နှိုက် သတိထား

Written By မောင်စေတနာ on Saturday, August 2, 2014 | 12:52:00 AM


စင်္ကာပူမှာ ခါးပိုက်နှိုက် သတိထား

စိတ်မကောင်းစရာလဲဖြစ် သတင်းထူးလဲဖြစ်လို့ ကျွန်တော့်မိတ်ဆွေများကို အဖြစ်အပျက်လေ တစ်ခု ပြောပြခြင်ပါတယ်ဗျာ။ မထူးဆန်းဘူးလို့ ပြောနိုင်သလို ထူးဆန်းတယ်လို့လဲ ပြောလို့ရပါတယ်။
ဒါပေမယ့် အခြေအနေ အချိန်အခါအရ ကျွန်တော်တို့ သတိထားရတော့မယ့် အချိန်ဖြစ်နေပြီလို့တော့ ထင်ပါတယ်။

အဖြစ်အပျက်ကတော့ မနေ့က ကျွန်တော့သူငယ်ချင်းရဲ့မိသားစု ဒီကိုအလည်လာရင်း လျှောက်လည်ရာမှာခါးပိုက်အနှိုက်ခံလိုက်ရပြီး မိဘနှစ်ပါးရဲ့ Passport နဲ့
ငွေတစ်ချို့ ပါသွားတာပါဘဲ။ သူတို့ အဖြစ်က ဖြစ်ချင်လို့ကို ဖြစ်တာလို့ ပြောရမလားဘဲ နောက်ကနေလဲ လိုက်ချောင်းနေပုံဘဲ။

ဘာလို့လဲဆိုတော့ သူတို့က ပင်နီဆူလာအောက်က Money Changer မှာငွေလဲ ဝင်လဲခဲ့ကြသေးတယ်တဲ့လေ။ အဲဒီကထွက်တော့ Robinson မှာဈေးဝယ်ကြတယ်။ နောက်တော့ ပင်နီဆူလာမှာ ဝယ်စရာကျန်သေးတယ်ဆိုပြီး တစ်ခေါက်ပြန်လာတာမှာ ခုလိုဖြစ်တော့တာဘဲဗျာ။

ပင်နီဆူလာမှာဖြစ်တယ်ဆိုတော့ ရုတ်တရက်စိတ်ထဲမကောင်းဖြစ်သွားပါတယ်။ မရဲတရဲနဲ့ မေးရသေးတယ်ဘယ်လိုလူမျိုးလဲလို့ တော်သေးတယ်ပြောရမလား ထူးဆန်းတယ်ပြောရမလားဘဲ။ ကျွန်တော့သူငယ်ချင်းနဲ့သူ့အမေနဲ့ ပင်နီဆူလာ မြေညီထပ်မှာ ဆိုင်တွေလျှောက်ကြည့်နေတုန်း တရုတ်မတစ်ယောက်သူတို့နှစ် ယောက်ကြားထဲ အတင်းဝင်တိုးသွားလို့ သံသယရှိတာနဲ့ အိတ်ထဲပြန်စစ်လိုက် တော့ ပိုက်ဆံအိပ်ပါသွားတောတာပါဘဲ။

လောလောဆယ်လဲထားတဲ့ ငွေတွေနဲ့ passport စာအုပ်နှစ်အုပ်ပါသွားတယ်ဗျာ။ ရုတ်တရက်ဆိုတော့ဘာလုပ်ရမှန်းလဲ မသိနဲ့ အော်တာတွေဘာတွေ မလုပ်ဖြစ် လိုက်ဘူးပေါ့ဗျာ၊ ဒီလိုနဲ့ အိမ်ပြန်ရောက် နီးရာရဲစခန်းမှာ passport ပျောက်ကြောင်း သတင်းပို့၊ ဟိုကတော့ စာအုပ်ပျောက်ကြောင်း အသိအမှတ်ပြုစာကလေး ပေးလိုက် တယ်ပေါ့ဗျာ။ အဓိကကတော့ မြန်မာသံရုံးကို သွားပြီးဆက်သွယ်ခိုင်းတာပါဘဲ။


သူငယ်ချင်းကလဲ ICA မှာသူ့မိဘများအတွက် long stay pass လျှောက်ထားတာ ဆိုတော့ နဲနဲတောဗျာများနေတာပေါ့ဗျာ။ လူကြီးတွေဆိုတော့လဲ စိတ်ပူတတ်တော့ သွားလေရာ passport ယူသွားတတ်တာမဟုတ်လား၊ ကျွန်တော် အလုပ်လာရှာ တုန်းကတော့ ပျောက်မှာစိုးလို့ White Card သာပိုက်ဆံအိပ်ထဲ ထည့်ထားပြီး Passport ကတော့ အိမ်မှာဘဲ သိမ်းထားခဲ့တာဘဲ။

ကြည့်ခြင်လို့ စစ်ချင်ရင်တော့ အိမ်လိုက်ကြည့်လို့ ပြောမှာဘဲ အပျောက်တော့ မခံနိုင်ပါဘူးဗျာ၊ ဟုတ်တယ်မဟုတ်လား။ ဟိုတစ်လောကလဲ ဗမာတွေငှားနေတဲ့ အိမ်တစ်အိမ်ကို သူခိုးဝင်ခိုးတာ လက်တော့ တစ်လုံးပါသွားဆိုဘဲဗျ။ စီးပွားကျနေ တာရဲ့ နောက်ဆက်တွဲတွေဖြစ်လာတယ်ထင်ပါတယ်။ သေကြောင်းကြံစည်ကြတာ တွေလဲ များလာတယ်မဟုတ်လား။

ဘာဘဲပြောပြောဗျာ ကျွန်တော်တို့လို အငှားလာနေတဲ့လူတွေကတော့ ရှေ့လျှောက် သတိထားနေကြရအောင်လို့နိုးဆော်လိုပါတယ်။ အရင်ကလို ညမိုးချုပ်မှာ ရဲရဲတင်းတင်း လျှောက်မသွားနဲ့တော့၊ ပိုက်ဆံများများ အိပ်ထဲ မထည့်နဲ့၊ အိမ်မှာလဲ တံခါးများကို လုံလုံခြုံခြုံပိတ်လို့ ပတ်ဝန်းကျင်နဲ့လဲ တည့်အောင်ပေါင်းကာ နေကြရမယ့် အချိန်မဟုတ်ပါလားဗျာ။


http://myanmarinsingapore.com/
Share this article :

2 comments:

MrDBA said...

ခင်ဗျား နဲ့ ကျွန်တော်နဲ့ တော်တော် အရေးအသားတူတာဘဲဗျနော်။
http://mrdba.info/2008/11/%E1%80%9E%E1%80%90%E1%80%AD-%E1%80%81%E1%80%AB%E1%80%B8%E1%80%95%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%82%8F%E1%80%AD%E1%82%88%E1%80%80%E1%80%B9%E1%80%90%E1%80%90%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9/

Anonymous said...

ကိုနေဇော်လင်းရေ
စေတနာနဲ့ အများအတွက် ကူညီချင်သပ ဆိုရင်လည်း မိတ်ဆက်သဘောလောက်ရေးပြီး ညွှန်းလို့ရပါတယ်။
မသိလို့ကူးမိတယ်ဆိုလည်း မသိလို့ပါ ဘာညာ တောင်းပန်စကားဆိုပြီး post ကို ပြန်ပြင်လိုက်ရင်လည်း ကျေနပ်ကြမှာပါ။
ခုလို မသိချင်ယောင်ဆောင်နေတာကတော့ သူခိုးကလူဟစ် စကားပုံလို ဖြစ်မနေဘူးလားဗျာ။

စကားကြုံလို internet ပေါ်မှာ အလကားဖတ်လို့ရတဲ့ သူများဘလော့တွေ forum တွေက စာတွေကူးပြီး အများကို ဘယ်လိုကူညီသလဲ ဆိုတာလည်း သိချင်လိုက်ပါဘိ။

kz

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။