Home » » ထိုင်း-မလေးရှားနယ်စပ်သို့သွားသည့် ကားပေါ်မှမြန်မာများဖမ်းမိ

ထိုင်း-မလေးရှားနယ်စပ်သို့သွားသည့် ကားပေါ်မှမြန်မာများဖမ်းမိ

Written By နေဇော်လင်း1 on Friday, May 7, 2010 | 9:21:00 PM



photo " google

(မေ ၇။ကိုတီး- ရခိုင့်တံခွန်ဂျာနယ်)
http://jacbaburma.blogspot.com/

ပြီးခဲ့သည့်ညဥ့်သန်းခေါင်ယံအချိန်ကထိုင်းနိုင်ငံမဟာချိုင်မှမလေးနယ်စပ်ဆုံခါမြို့သို့မြန်မာ
အလုပ်သမားများတင်ဆောင်လာသည့်၂ထပ်ကားတစ်စီးအားကျုံဖေါ်ရဲဂိတ်တွင်ဖမ်းဆီးမိလိုက်
ကြောင်းထိုင်းရပ်သတင်းတွင်ဖေါ်ပြထားသည်။အပြာရောင်၂ထပ်ကားအမှတ် ၃၂၅၀ ကားတွင် မြန်မာအလုပ်သမား၁၀၀ တင်ဆောင်ပြီးမဟာချိုင်မှတင်ဆောင်လာမည်ဖြစ်ကြောင်းသတင်းရရှိခဲ့သည်။


ကျုံဖေါ်မြို့ နယ်ရဲစခန်းမှူး ဒုဗိုလ်မှူး ချလာဖုန်နာက
ထိုင်းလူကြီးဟောင်းတစ်ဦး၏နာမည်ရေးထိုးထားသည့်အဆိုပါကားကို ကျုံဖေါ်မြို့ နယ်၊၀န်ဖိုင်ရွာ၊နယ်မြေ
အမှတ်၉ ရဲဂိတ်တွင်ရပ်နားစစ်ဆေးစဉ် ကမ္ဘောဒီယား၁ဦး၊ မြန်မာအမျိုးသား ၅၉ဦးနှင့် မြန်မာအမျိုးသမီး၂၀
ဦးတို့ ကိုဖမ်းဆီးမိလိုက်သည်။ရဲမှူးက“ကားဒရိုင်ဘာ၂ယောက်နဲ့ စပါယ်ယာတစ်ယောက်တို့ ကို လူကုန်ကူးမှုနဲ့ 
အရေးယူမှာဖြစ်သလိုကားပေါ်မှာဖမ်းမိတဲ့လူတွေကိုလည်း တရားမ၀င် နိုင်ငံအတွင်းခိုးဝင်မှုနဲ့ တရားစွဲဆိုသွားမှာ
ဖြစ်ပါတယ်”ဟုထိုင်းရပ်သတင်းစာသို့ ပြောသည်။မြန်မာအလုပ်သမားများအားလုံးအားစစ်ဆေးချက်အရ
အားလုံးမှာ မဟာချိုင်မှ ဆုံခါဘက်သို့အလုပ်သွားလုပ်ကြမည်ဖြစ်ကြောင်းထွက်ဆိုကြသည်။

လူအနည်းငယ်တို့ ကမူ မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်ကြမည်ဖြစ်သည်။ မြန်မာအလုပ်သမားတစ်ဦး
စီလျှင်ဘတ်ငွေ ၁၅၀၀ နုန်းထားဖြင့် ပို့ ဆောင်ကြောင်း ကားမောင်းသူများကထွက်ဆိုသွားကြသည်။
ပြခဲ့သည့်ရက်ပိုင်းကဘုရားသုံးဆူနယ်စပ် ဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြသည့်
မြန်မာအလုပ်သမားတစ်ရာကျော်အားဖမ်းမိခဲ့သကဲ့သို့ ရနောင်းဖက်မှဝင်ရောက်လာသည့်မြန်မာများ
ကိုလှေပေါ်တွင်ဖမ်ဆီးခဲ့ကြောင်းထိုင်းသတင်းများတွင်ဖေါ်ပြခဲ့ကြသည်။ စားဝတ်နေရေးခက်ခဲကျပ်တည်း
နေသမျှမြန်မာအလုပ်သမားများ၊ ထိုင်းနိုင်ငံအတွင်းသိုရရာလမ်ကြောင်းမှ
ဖြစ်သလိုလာရောက်နေကြဦးမည်ဖြစ်ကြောင်းလေ့လာသူများကဆိုသည်။
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။