Home » » ပျော်ရမယ် ရီရမယ် (ဟာသ လေးများ)

ပျော်ရမယ် ရီရမယ် (ဟာသ လေးများ)

Written By နေဇော်လင်း1 on Monday, August 29, 2011 | 1:38:00 AM



ပြေးစရာလိုလို့လား
အားကစားကွင်းထဲမှာ သူငယ်ချင်း ၂ယောက် ဆုံတုန်းလေး စကား ပြောနေကြတယ် ။
ဘဲဥ ။ ။ ဒီကောင်တွေဘာလို. ဒီလောက်မြန်မြန် ကြီးပြေးနေတာလဲ ကွ ။
သူငယ်ချင်း ။ ။ ပထမ ဆုံးပန်းဝင်တဲ့သူက ဆုရမှာလေကွာ ၊ ဘာလဲ မင်းက ၀င်ပြိုင်ချင်လို.လား ။
ဘဲဥ ။ ။ မဟုတ်ပါဘူးကွာ ......ငါစဉ်းစား နေတာ ကွ ၊ ပထမဆုံးပန်းဝင်တဲ့သူပဲ ဆုပေးမှာကို ကျန်တဲ့
ကောင်တွေကဘာလို့လိုက်ပြေးနေသေးလဲလို.ပါ ။

မပျံတတ်လို.ပါ
လေယာဉ်တစ်ခါမှ မစီးဖူးတဲ့ ခရီးသည်တစ်ယောက် လေယာဉ်မယ်ကိုမေးသည်-
ခရီးသည် ။ ။ တို.ကို လေထီးတွေ ထုတ်ပေးမှာလား ။
လေယာဉ်မယ် ။ ။ မပေးပါဘူးရှင် ။
ခရီးသည် ။ ။ ငါရေကြောင်းခရီးသွားတုန်းကတော့ အသက်ကယ် ၀တ်စုံတွေ ခရီးသည်တိုင်းပေးတယ်ကွ ။
လေယာဉ်မယ် ။ ။ ခုရေကြောင်းခရီးသွားနေတာ မဟုတ်ပါဘူးရှင် ။
ခရီးသည် ။ ။ ဟ လူတိုင်းနီးပါးရေကူးတတ်တာတောင် အသက်ကယ်ဝတ်စုံပေးသေးတာ ဘယ်သူမှ မပျံတတ်တဲ့
လေကြောင်းကျမှပဲ လေထီး ထုတ်မပေးဘူး ဆိုတော့ တစ်ဆိတ်လွန်ပြီ ထင်တာပဲ ။

အမေးနဲ့အဖြေ
ဘဲဥ ။ ။ ငါးတွေဘာလို. ရေကူးကြတာ လဲကွ ။
သူငယ်ချင်း ။ ။ သူတို.မှ မပျံတတ်ကြတာပဲ ကွာ ။

မတတ်နိုင်လို့ပါ

ကျောင်းက ပြန်လာတဲ့ သားဖြစ်သူကို အမေက မေးသည် -
အမေ ။ ။ ဒီနေ.ကျောင်းမှာကောင်းကောင်းနေခဲ့ရဲ.လား ။
သား ။ ။ ဟုတ်ကဲ့ပါမေမေ ။
အမေ ။ ။ ဘာပြသနာ လုပ်ခဲ့သေးလဲ ။
သား ။ ။ မလုပ်ခဲ့ပါဘူး မေမေ ။
အမေ ။ ။ ဒါဆို မင်းဘယ်သူ.ကိုမှ အနှောက်အယှက်မပေးခဲ့ဘူးပဲ ငါ့သားလေး လိမ်မာ လာပြီ ။
သား ။ ။ ဘယ်ပေးနိုင်ပါ့ မလဲ မေမေရယ် သားက တစ်ချိန်လုံး အတန်းထောင့်မှာ မတ်တပ်ရပ်နေခဲ့တာလေ ။

ပြန်တွေ့ပြီ
ဘဲဥ သူငယ်ချင်းနဲ. ဆုံတုန်း အာလာပသလာပ စကားပြောနေကြသည်-
ဘဲဥ ။ ။ နွေရာသီတုန်းက ငါ့နာရီ ကျပျောက်သွားတာလေကွာ မင်းမှတ်မိသေးတယ်မလား ။
သူငယ်ချင်း ။ ။ အေး မှတ်မိတယ်လေ ၊ ဘာလို.လဲ ။
ဘဲဥ ။ ။ အေးကွ မနေ.က ငါအနွေးထည် အကျီင်္ ကို စစ်ကြည့်ရင်းနဲ. တွေ.ပြီက ဟားဟား ။
သူငယ်ချင်း ။ ။ နာရီလား ။
ဘဲဥ ။ ။ မဟုတ်ဘူး ထွက်ကျတဲ့ အပေါက် လေ ။

worldmyanmar@googlegroups.com ပို့လာသောမေးမှ ကူးယူတင်ပြပါသည်။
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။