Home » » သရုပ်ဆောင် နန္ဒာလှိုင် ဇာတ်ကားများ ပြန်လည်ရိုက်ကူးတော့မည်

သရုပ်ဆောင် နန္ဒာလှိုင် ဇာတ်ကားများ ပြန်လည်ရိုက်ကူးတော့မည်

Written By နေဇော်လင်း1 on Tuesday, May 4, 2010 | 2:02:00 PM


ပရိသတ်နှင့် ကာလအတန်ကြာ ဝေးကွာနေသော သရုပ်ဆောင်နန္ဒာလှိုင်သည် သရုပ်ဆောင်အဖြစ် ဇာတ်ကားများကို ပြန်လည် ရိုက်ကူးသွားမည်ဖြစ် ပြီး ပထမဆုံးလှုပ်ရှားမှု အဖြစ် မေလ ၅ ရက်နေ့တွင် 'ဗြဟ္မစိုရ်' ဗီဒီယိုဇာတ်ကားကို စတင်ရိုက်ကူးမှုပြုမည် ဖြစ်ကြောင်း သိရသည်။

'ဗြဟ္မစိုရ်'ဇာတ်ကားသည် ဒါရိုက်တာကုသိုလ် ပုံဖော်ရိုက်ကူးမည့် ဗီဒီယို ဇာတ်ကားဖြစ်ပြီး လွင်မိုး၊ မောင်၊ နန္ဒာလှိုင်တို့က အဓိကပါဝင် သရုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။


နန္ဒာလှိုင်သည် ၂၀၀၈ ခုနှစ်တွင် ဇေသီဟနှင့် လက်ထပ်ခဲ့ပြီးနောက်ပိုင်း ရုပ်ရှင်၊ ဗီဒီယိုရိုက်ကူးမှုကိုရပ်နားခဲ့ပြီး သူမ၏မောင်ဖြစ်သူ သရုပ်ဆောင် မောင်ကိုပံ့ပိုးမှုအဖြစ် လှိုင်ရုပ်ရှင်ထုတ်လုပ်သူ အဖြစ်သာ ရပ်တည်ခဲ့သည်။ ယခု ကဲ့သို့ ရုပ်ရှင်ရပ်ဝန်းသို့ ပြန်လည်ဝင်ရောက်ရန် စီစဉ်ဖြစ်ခြင်းမှာ မောင်ဖြစ်သူကို ပံ့ပိုးပေးရန် ရည်ရွယ်ချက်လည်း ပါဝင်ကြောင်းသိရပါသည်။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။