Home » » တိုင်းမ်မဂ္ဂဇင်းမှ ထုတ်ပြန်ခဲ့သည့် လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်း၌ ပါဝင်သော အနုပညာရှင်များ စာရင်းတွင် လေဒီဂါဂါဦးဆောင်

တိုင်းမ်မဂ္ဂဇင်းမှ ထုတ်ပြန်ခဲ့သည့် လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်း၌ ပါဝင်သော အနုပညာရှင်များ စာရင်းတွင် လေဒီဂါဂါဦးဆောင်

Written By နေဇော်လင်း1 on Thursday, May 6, 2010 | 6:51:00 AM

တိုင်းမ်မဂ္ဂဇင်းမှ ထုတ်ပြန်ခဲ့သည့် လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ပါဝင်သော အနုပညာရှင်စာရင်း၌ ပေါ့ပ်အဆိုကျော် လေဒီဂါဂါက ထိပ်ဆုံးမှ ဦးဆောင်ခဲ့ကြောင်း သိရှိရပါသည်။ နယ်ပယ် အသီးသီးမှ လွှမ်းမိုးမှုအရှိဆုံးသော ပုဂ္ဂိုလ် ၁၀၀ ကို တိုင်းမ်မဂ္ဂဇင်းမှ နှစ်စဉ် ရွေးထုတ်ပေးခဲ့ခြင်းဖြစ်ပြီး လေဒီဂါဂါက အနုပညာရှင်များထဲ၌ လွှမ်းမိုးမှုအရှိဆုံးသောအနုပညာရှင် အဖြစ် ရွေးချယ်ဖော်ပြခံခဲ့ရခြင်း ဖြစ် ပါသည်။

လေဒီဂါဂါ နည်းတူ ရွေးချယ်ခံခဲ့ရသော အခြားအနုပညာရှင်များထဲ တွင် ကိုနန်အိုဘရိန်း၊ ကတ်သရင်း ဘစ်ဂျလို၊ အော်ပရာဝင်းဖရေး၊ ရောဘတ်ပက်တင်ဆန်၊ အက်စတွန်ကတ်ချာ၊ ဆူဇန်နီကောလင်း၊ တေလာဆွဖ်၊ ဆန်ဒရာဘူးလော့နှင့် ဂျိမ်းစ်ကင်မရွန်တို့လည်း ပါဝင်ခဲ့ပါ သည်။


အဆိုပါ အနုပညာရှင်များထဲတွင် အော်ပရာဝင်းဖရေးသည် တိုင်းမ်မဂ္ဂဇင်း၏ ကျော်ကြားမှုအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်း၌ အကြိမ်ကြိမ် ရွေးချယ်ဖော်ပြခံခဲ့ရသည့် အနုပညာရှင်တစ်ဦးဖြစ်ပါသည်။

ဝင်းဖရေးသည် ၂၀ ရာစု၏ လွှမ်းမိုးမှု အရှိဆုံးပုဂ္ဂိုလ်များထဲတွင် တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည့်အပြင် နှစ် အလိုက် ရွေးချယ်ခဲ့သော လွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ်များစာရင်းတွင်လည်း ၂၀၀၄ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဆက်တိုက် ရွေးချယ်ခံထားရသော အနုပညာရှင်တစ်ဦးဖြစ်ပါသည်။ ထို့အပြင် ၀င်းဖရေးသည် တိုင်းမ်မဂ္ဂဇင်း၏ လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်များစာရင်း၌ အကြိမ်အများဆုံး ရွေးချယ်ခံထားရသည့် အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါသည်။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။