Home » » အကြမ်းဖက်သမားများ စင်္ကာပူရှိ အော့ချတ်ဘူတာရုံကို ပစ်မှတ်ထားနေ

အကြမ်းဖက်သမားများ စင်္ကာပူရှိ အော့ချတ်ဘူတာရုံကို ပစ်မှတ်ထားနေ

Written By မောင်စေတနာ on Sunday, May 23, 2010 | 1:46:00 PM


ဂျကာတာ (မေ ၁၉)
အင်ဒိုနီးရှား ၀ါရင့် ရဲထောက်လှမ်းရေး တပ်ဖွဲ့ဝင် တစ်ဦးက အင်ဒိုနီးရှားရှိ အစွန်းရောက်ဝါဒီ အဖွဲ့များသည်
စင်္ကာပူကို ပစ်မှတ်ထားနေပြီး အဓိက ပစ်မှတ်အနေဖြင့် အော့ချတ် ဘူတာရုံအား ရွေးချယ်ထားပြီး ဖြစ်သည်ဟု ပြောဆိုလိုက်သည်။

အဆိုပါ အမည်မဖော်လိုသူ ရဲထောက်လှမ်းရေးက စထရိတ်တိုင်းမ် သတင်းစာသို့ ပြောကြားရာတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က အသေ
ဖမ်းဆီးရမိခဲ့သည့် အကြမ်းဖက်သမားဟု မသင်္ကာဖွယ်ရာ ရှိသူ၏ နေအိမ်တွင် စင်္ကာပူရှိ ရထားလမ်းကြောင်းပြ မြေပုံကို တွေ့ရပြီး အော့ချတ်
ဘူတာရုံကို ၀ိုင်း၍ အမှတ်အသားပြုထားသည်ကို တွေ့ရသည်ဟု ဆိုသည်။


အင်ဒိုနီးရှားရှိ အကြမ်းဖက်ဝါဒီများအား တန်ပြန် နှိမ်နင်းရာတွင် အကြိမ်ကြိမ် ပါဝင်ခဲ့ဖူးသူ အရာရှိက “စင်္ကာပူ နိုင်ငံဟာ ပစ်မှတ် တစ်ခုဆိုတာ
သိသာနေပါတယ်။ သူတို့တတွေဟာ မလေးရှားကနေ တဆင့် စင်္ကာပူကို ၀င်ဖို့ ကြိုးစားခဲ့ပါတယ်” ဟု ပြောဆိုခဲ့သည်။
http://www.thanlwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။