Home » » ဂျပန်နိုင်ငံ F-4 ဇာတ်လမ်းတွဲ အောင်မြင်မှုရရှိခြင်း အထိမ်းအမှတ်ပွဲသို့ လီမင်ဟိုနှင့်အဖွဲ့ တက်ရောက်

ဂျပန်နိုင်ငံ F-4 ဇာတ်လမ်းတွဲ အောင်မြင်မှုရရှိခြင်း အထိမ်းအမှတ်ပွဲသို့ လီမင်ဟိုနှင့်အဖွဲ့ တက်ရောက်

Written By နေဇော်လင်း1 on Thursday, April 29, 2010 | 2:10:00 PM


ဂျပန်နိုင်ငံတွင် F-4(Boys over Flowers) ဇာတ်လမ်းတွဲပြသရာတွင် အောင်မြင်ရရှိခဲ့ခြင်း အထိမ်းအမှတ် ပွဲသို့ လီမင်ဟို၊ ကင်ဂျွန်၊ ကင်ဘုံ၊ ဂိုဟီ ဆွန်စသည့် ကိုရီးယားသရုပ်ဆောင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

F-4 ဇာတ်လမ်းတွဲကို ဂျပန် နိုင်ငံတွင် ၂၀၀၉ ခုနှစ်အစောပိုင်းမှ စတင်ပြသခဲ့ရာတွင် အောင်မြင်မှုများ ရရှိခဲ့ကြောင်းသိရှိရသည်။


အဆိုပါပွဲဖွင့်ပွဲ အခမ်းအနားကို T-Max အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ကင်ဂျွန်၏ ဖျော်ဖြေမှုဖြင့် စတင်ခဲ့ကြောင်း သိရှိရသည်။ကင်ဂျွန်သည် Paradise၊ Say Yes ၊Empty Bet ၊ Bang Bang Boom စသည့် ဒရာမာ ဇာတ်လမ်းတွဲများတွင် ပါဝင်သည့် သီချင်းများကို သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။ F-4 အောင်မြင်သည့် အထိမ်းအမှတ်ပွဲသို့ ပရိသတ် ၅၀၀၀ နီး ပါး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

F-4 ဇာတ်လမ်းတွဲထဲမှ သရုပ်ဆောင်တစ်ဦးဖြစ်သည့် SS 501အဖွဲ့မှ ကင်ဟေးဂျွန်သည် ပရိသတ်များကို တစ်ကိုယ်တော်တွေ့ဆုံမှုများ ပြုလုပ်ရန် အိမ်နီးချင်းအာရှနိုင်ငံများ သို့သွားရောက်နေခြင်းကြောင့် အဆိုပါပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။