Home » » စိတ်ကြွ ဆေးပြားများ နှင့် မြန်မာ၂ ဦးအား ထိုင်း ရဲထောက်လှမ်းရေး များက ဖမ်ဆီး

စိတ်ကြွ ဆေးပြားများ နှင့် မြန်မာ၂ ဦးအား ထိုင်း ရဲထောက်လှမ်းရေး များက ဖမ်ဆီး

Written By နေဇော်လင်း1 on Monday, April 26, 2010 | 8:50:00 PM


ထိုင်းနိုင်ငံ အလယ်ပိုင်း အန်းထောင်း ရဲစခန်းမှ ရဲအရာရှိ ဆူလစ်ချိုင် ဆူစို့ က ယာဘ စိတ်ကြွး ဆေးပြား အလုံးရေ ၁၉၀၀၀ အပြင် ၊ လက်ကိုင်ဖုန်း ၂ လုံး နှင့် ဘတ်ငွေ ငါးသောင်းတို့ အား မြန်မာ ၂ ဦးထံမှ ဖမ်းဆီး ရကြောင်း ထိုင်ရပ် သတင်းစာတွင် ဖေါ်ပြ ထားသည်။ ဘန်ကောက်မြို့ မြောက်ဘက် ၁၀၅ ကီလိုမီတာ အကွာ အန်ထောင်မြို့ အတွင်း မူးယစ်ဆေးဝါး နှိမ်နင်းမှု စီမံချက်ဖြင့် ထိုင်းလူမျိုး ၁၅ ဦးတို့ အား စစ်ဆး ခဲ့ရာ မြန်မာ နိုင်ငံ သားများ ဆီမှ ၀ယ်ယူ သုံးစွဲ ခဲ့ကြောင်း ထွက်ဆို ခဲ့သည်။ ထိုင်း ထောက်လှမ်းရေး က ကရင် လူမျိုး အသက် ၂၈ နှစ်အရွယ် လုံးချိုင် ထံမှ အလုံးရေ ငါးသောင်းအား ဘတ်ငွေ ငါးသိန်းဖြင့် ၀ယ်ယူရန် အန်ထောင်မြို့ ဈေး တစ်နေရာသို့ ချိန်းဆိုပြီး ဖမ်းဆီး လိုက်သည်။ ဆက်လက် ဖေါ်ထုတ် စစ်ဆေးချက် အရ အသက် ၃၇ နှစ်အရွယ် ဗမာ လူမျိုး စန်းထွေး ထံမှ ၀ယ်ယူ ခဲ့ကြောင်း ထွက်ဆို ခဲ့သည်။


ထိုင်း ထောက်လှမ်းရေး က ဘန်ကောက်မြို့တွင် နေထိုင်သည့် စန်းထွေးအား ဖမ်းဆီးနိုင်ရန် ဘန်ကောက်မြို့ ခေါင်တန် နယ်မြေသို့ လာရောက် ခဲ့သည်။ ထို့ နောက် စိတ်ကြွး ဆေးပြား အလုံး တစ်သောင်းခွဲ ၀ယ်ယူ လိုကြောင်း ဆက်သွယ် ခဲ့သည်။ စန်းထွေးက အဆိုပါ ဆေးပြား တစ်သောင်းခွဲ တို့အား နေကြာစေ့ အိပ်အတွင်း ထည့်လျှက် လာရောက်ပို့ဆောင်စဉ် ဖမ်းဆီး လိုက်သည်။ ထို့နောက် စန်းထွေး နေထိုင်သည့် အခန်းကို လိုက်လာပြီး ထပ်မံ ရှာဖွေရာ အလုံးရေ ၄၀၀၀ ကို ထပ်မံ တွေ့ရှိ သိမ်းဆည်း ခဲ့သည်။ ဖမ်းဆီးမိသူ ၂ ဦးက ကိုယ်ပိုင် ကားများ မသုံးပဲ မဲဆောက်တွင် ရှိသည့် နိုင်စိုး ထံမှ ၀ယ်ယူပြီး ၂ ထပ် ခရီးသည်တင် အထူး ကားများဖြင့် သယ်ယူ ခဲ့ပြီး အန်ထောင်သို့ ဖြန့်ဖြူး ရောင်းချ သည်ဟု ထွက်ဆို သွားကြကြောင်း ရဲအရာရှိက ၂၄ ရက်နေ့ ထိုင်းရပ် သတင်းစာသို့ ပြောသည်။
http://www.htwd.info/
၂၆ . ၄ . ၂၀၁၀ | ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။