အသစ်မရှိသေးလို့အဟောင်းပဲတင်ပေးထားတာပါ။
မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားမှုကို စက်ဖြင့်ဖတ်ရှုစစ်ဆးခံနိုင်သော နိုင်ငံကူးလက်မှတ်MRP ( Machine Readable Passport ) စနစ်ဖြင့်ဆောင်ရွက်ရန် ၂၉-၃-၂၀၁၀ ရက်နေ့မှစ၍
စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုပ်ပေးရေး အဖွဲ့ကတရားဝင်
သတင်းကြေညာထားသည်။မြန်မာနိုင်ငံကူးလက်မှတ်ထုပ်ပေးရေးအဖွဲ့သည်ပြည့်ပသို့အကြောင်း
အမျိုးမျိုးကြောင့်သွားရောက်သည့်မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ်များ အချိန်ကာ
လဖြင့်သာအဆင်ပြေချောမွေ့စွာထုပ်ပေးလျှက်ရှိသည်။
နိုင်ငံကူးလက်မှတ်များ အဆင့်မြင့်လာသည့်အတွက် မနလစာအုပ်တန်ဖိုးမှာ ၁၉၀၀၀ ကျပ်ဖြစ်ပြီး
အွန်လိုင်းဝန်ဆောင်ခကို ၁၀၀၀ ကျပ်ဟု ရန်ကုန်မြို့ ၊ပန်းဆိုးတန်းလမ်းရှိနိုင်ငံကူးလက်မှတ်ထုပ်ပေး
သည့်ရုံးတွင် ၂၉ - ၃ -၂၀၁၀ ရက်နေ့ကတရားဝင်ကြေညာထားသည်။ အပြည်ပြည်ဆိုင်ရာမြို့ပြ
လေကြောင်းအဖွဲ့ချုပ်မှနိုင်ငံတကာတွင် ၂၀၁၀ ဧပြီလ ၁ ရက်နေ့မှစ၍ စက်ဖြင့်ဖတ်ရှုစစ်ဆေးခံ
နိုင်သောနိုင်ငံကူးလက်မှတ်များကိုပြောင်းလဲသုံးစွဲရန် ဆုံးဖြတ်ခဲ့ကြကြောင်း မြန်မာနိုင်ငံကူးလက်
မှတ်ထုပ်ပေးရေးအဖွဲ့၏လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။ ယင်းအတွက် စက်ဖြင့်ဖတ်ရှု
စစ်ဆေးခံနိုင်သော နိုင်ငံကူးလက်မှတ်များကို မြန်မာနိုင်ငံတွင်လည်းဧပြီလမှစ၍ စတင်ထုပ်ပေး
မည်ဖြစ်ကြောင်း သိရသည်။
စက်ဖြင့်ဖတ်ရှုစစ်ဆေးခံနိုင်သောနိုင်ငံကူးလက်မှတ်သည် ဓာတ်ပုံကပ်ခွာစနစ်မဟုတ်သဖြင့်
အတုလုပ်ခြင်းမှ ကာကွယ်နိုင်ဖြစ်ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ်တွင်တစ်ကမ္ဘာလုံး ရိုးရိုး
နိုင်ငံကူးလက်မှတ်များ လက်ရေးဖြင့်သုံးစွဲခွင့်ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သိရပါသည်။

hellomyanmar(malaysia)
0 comments:
Post a Comment