ယခုနှစ်တွင် ကမ္ဘာ့လှည့်ခရီး သွား ၂၉ ရာခိုင်နှုန်းထိ မြင့်တက်လာ မည်ဟုခန့်မှန်းထားကြောင်းစင်ကာ ပူက မတ်လ ၅ ရက်နေ့တွင် ပြော ကြားခဲ့သည်။
ကာစီနိုနှစ်ရုံ ဖွင့်လှစ် ခဲ့ပြီးနောက် ယခုနှစ်တွင် ကမ္ဘာ့လှည့် ခရီးသွား ၁၁ ဒသမ ၅ သန်းမှ ၁၂ဒသမ၅သန်းထိလာရောက်နိုင်ကြောင်း စင်ကာပူကမ္ဘာလှည့်ခရီးသွားဘုတ် အဖွဲ့ကထုတ်ပြန်ခဲ့သည်။
ယမန်နှစ်က စင်ကာပူသို့ကမ္ဘာ လှည့်ခရီးသွား ၉ ဒသမ ၇ သန်းလာ ရောက်ခဲ့သည်။ ကမ္ဘာ့လှည့်ခရီးသွား
လုပ်ငန်းဝင်ငွေသည် ယခုနှစ်တွင် ဒေါ်လာ ၁၂ ဒသမ ၅ ဘီလျံထိရရှိ နိုင်ကြောင်းဘုတ်အဖွဲ့က ပြောကြား ခဲ့သည်။ စင်ကာပူသည်ကုန်ထုတ် လုပ်ငန်းများထက် ၀န်ဆောင်မှုလုပ် ငန်းများကိုအာရုံစိုက်လာနေပြီးဖေဖော်ဝါရီလက နိုင်ငံ၏ပထမဆုံး ကာ စီနိုဖွင့်လှစ်ခဲ့သည်။ ဒုတိယမြောက် ကာစီနိုကို ဧပြီလ၂၇ ရက် နေ့တွင် ဖွင့်လှစ်ရန်စီစဉ်ထားသည်။ စင်ကာပူ စီးပွားရေးသည်ယမန်နှစ်ကနှစ်ရာခိုင် နှုန်းကျဆင်းခဲ့ပြီး ယခုနှစ်တွင် ၄ ဒ သမ ၅ ရာခိုင်နှုန်းမှ ၆ဒသမ၅ရာခိုင်နှုန်းကြားတိုးတက်နိုင်ကြောင်း
အစိုးရကခန့်မှန်းထားသည်။
http://www.biweeklyeleven.com/
0 comments:
Post a Comment