Home » » ဒီနေ့လေးကို သင်မေ့နေပြီလား ....

ဒီနေ့လေးကို သင်မေ့နေပြီလား ....

Written By မောင်စေတနာ on Friday, February 12, 2010 | 9:59:00 PM



ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား...
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား...

ဒီစာသားလေးကို လူတိုင်းသိကြမှာပါ .... ငယ်ငယ်တုန်းက ကျောင်းမှာ သင်ခဲ့ရတဲ့စာလေးပါ ...
နောက်အရေးကြီးတာက ဒီစာလေးဟာ ဗိုလ်ချုပ်ရဲ့ အကြောင်းကို ရေးဖွဲ့ထားတဲ့ စာလေးဖြစ်နေလို့ပါပဲဗျ ....
အချိန်တွေသာ ကြာနေပေမဲ့ ဗိုလ်ချုပ်နဲ့ ပက်သက်ပြီး လူတိုင်းရဲ့ စိတ်ထဲမှာ ရှိနေဆဲပါ လို့ ကျွန်တော် ယုံကြည်ပါတယ် ....
နောက်လည်း အမြဲတည်ရှိနေမှာပါ ... လူသားတိုင်း လွတ်မြောက်ခွင့် လွတ်လပ်ခွင့်ကို ပေးခဲ့တဲ့ ဗိုလ်ချုပ်ဟာ အခုဖေဖေါ်ဝါရီ ၁၃ ရက်နေ့ဟာ ဗိုလ်ချုပ်ရဲ့ မွေးနေ့ဖြစ်ပါတယ် ... ဗိုလ်ချုပ်ဟာ လူအများအတွက် အနစ်နာခံပြီး အားလုံးအတွက် လွတ်လပ်ရေး ဆိုတဲ့ အရာတစ်ခုကို ရယူပေးခဲ့တယ် ....

ဗိုလ်ချုပ်ဟာ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ မှာ နတ်မောက်မြို့မှာ မွေးဖွားခဲ့တယ် ...
ငယ်ငယ်ကတည်းက အမှန်တရားကို မြတ်နိုးပြီး လိမ်ညာမှုတွေကို မုန်းတီးသူဖြစ်တယ် ...
သူက ...စာပေကိုချစ်တယ်အမှန်တရားကို ချစ်တယ် ... ချစ်သူကို ချစ်တယ်
ရင်သွေးတွေကို ချစ်တယ် အဲဒါတွေ အားလုံးထက်ပိုပြီး ... တို့တိုင်းပြည်ကို ချစ်သတဲ့ .... ဒါကြောင့် သူဟာ
တိုင်းပြည်ကို အသက်စွန်ပြီး တာဝန်ယူ ကာကွယ်ခဲ့တယ် ....သူ့မှာ
ယောက်ျားကောင်းတို့ရဲ့ သတ္တိ၊ သမာဓိ၊ သီလ၊ သိက္ခာ ၊ ပညာ သစ္စာ၊ သူ့မှာ အကုန်ရှိတယ် ...

သူ့ဘဝ ဘယ်လိုပဲဖြစ်နေပါစေ ... သူဟာ လောကကြီးအတွက် အလှဆင်ပေးခဲ့တယ် ....
တိုင်းပြည်နဲ့ လူမျိုးအတွက် အရာရာ ကို ပေးဆပ်ခဲ့တယ် ... သူဟာဘာတစ်ခုမှ မယူသွားခဲ့ပါဘူး
တိုင်းပြည် အတွက် သူအသက်ရှင်သမျှ ကာလပတ်လုံး တာဝန်တွေ ထားဆောင်ခဲ့တယ် ....

မြန်မာလူမျိုးတိုင်းမှာအဖေနှစ်ယောက်ရှိ့တယ် တစ်ယောက်ကကိုယ့်သွေးသားအဖေ
ကျန်တစ်ယောက်ကမြန်မာလူမျိုးကို မွေးပေးခဲ့တဲ့အဖေ မြန်မာလူမျိုးရဲ့အဖေ
မြန်မာ့အဖေ ဗိုလ်ချုပ်အောင်ဆန်းပေါ့ ဗျ ... အရာရာဟာ ပြီးဆုံးတယ်ဆိုပေမဲ့
ဗိုလ်ချုပ်နဲ့ ပက်သက်ပြီး လေးစားတဲ့စိတ်တွေနဲ့ လူတိုင်းလူတိုင်းရဲ့ ရင်ထဲမှာ အမြဲအမြဲ တည်ရှိနေမှာပါ ...

ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ ဗိုလ်ချုပ်သို့ အမှတ်တရ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။