“ ဖြောင့်ချက် ”
ကြယ်မစုံ လမသာ
မိုးစက်ပွင့်တို့လွမ်းမိုးတဲ့
ညတစ်ညရဲ့ သန်းခေါင်ယံချိန်
သောက်လက်စ အပေါစားကော်ဖီတစ်ခွက်ကိုဘေးချ
မီးမညှိရသေးတဲ့ ဖက်ကြမ်းတစ်လိပ်ကိုသတိလက်လွတ်ကောက်ဖွာ
နှင်းကျသံတို့အောက်မှာ
မှင်သေသေနေရင်းက ... ။
တစ်ရက်ပြီးတစ်ရက်
တစ်လပြီးတစ်လ
တစ်နှစ်ပြီးတစ်နှစ်
ကြာတော့လည်း ကြာခဲ့ပြီလေ
မျက်တောင်မခတ်မိတဲ့ အကြည့်
ရှိုက်ခွင့်မရှိတဲ့ ငိုခြင်းမျိုးတွေနဲ့
အနာမကျက် နှလုံးအိမ်ကို
ပြက္ခဒိန်တွေနဲ့ကုစားရင်း
ငါ့အိတ်ကပ်ထဲတောင် New Year တွေပြည့်ခဲ့ပြီပဲ ... ...
တာကျိုးခဲ့တဲ့ မြစ်တစ်စင်းလိုကြယ်မစုံ လမသာ
မိုးစက်ပွင့်တို့လွမ်းမိုးတဲ့
ညတစ်ညရဲ့ သန်းခေါင်ယံချိန်
သောက်လက်စ အပေါစားကော်ဖီတစ်ခွက်ကိုဘေးချ
မီးမညှိရသေးတဲ့ ဖက်ကြမ်းတစ်လိပ်ကိုသတိလက်လွတ်ကောက်ဖွာ
နှင်းကျသံတို့အောက်မှာ
မှင်သေသေနေရင်းက ... ။
တစ်ရက်ပြီးတစ်ရက်
တစ်လပြီးတစ်လ
တစ်နှစ်ပြီးတစ်နှစ်
ကြာတော့လည်း ကြာခဲ့ပြီလေ
မျက်တောင်မခတ်မိတဲ့ အကြည့်
ရှိုက်ခွင့်မရှိတဲ့ ငိုခြင်းမျိုးတွေနဲ့
အနာမကျက် နှလုံးအိမ်ကို
ပြက္ခဒိန်တွေနဲ့ကုစားရင်း
ငါ့အိတ်ကပ်ထဲတောင် New Year တွေပြည့်ခဲ့ပြီပဲ ... ...
မညင်သာလွန်းတဲ့ စကားလုံး
အရာမထင်တဲ့စာကဗျာတွေနဲ့
ငါ့ကိုယ်ငါ ဆရာတင်ပြီး မင်းအပေါ် ချစ်ရေးဆိုခဲ့တာ
ပြီးတော့ ... ဆုံးရှုံးခဲ့ရတာ
တကယ်တော့ ...
ငါ့စိတ်ကူးနဲ့ငါ
ငါ့အဓိပ္ပယ် နဲ့ငါ
အရာရာ အနစ်နာခံမှုတွေနဲ့
မင်းခင်းတဲ့ဓားသွားလမ်းတွေပေါ်
ထုံဆေးပေးပြီး ခပ်မိုက်မိုက်လျှောက်လမ်းခဲ့ပြီပဲ
အိပ်မက်ဟာ
မက်မောခွင့်မရတဲ့ သန်းခေါင်ယံရနံ့ တစ်မျိုးလို့ငါမှမသိခဲ့တာ ... ။
ဒီနေ့ဒီချိန်ရောက်မှ
“ကျေနပ်သင့်ပြီ” ဆိုတဲ့ အမိန့်တော်သံဟာလည်း
ငါ့ကို ... စောစီးစွာ စစ်ရှုံးစေခဲ့ပြီလေ
အယူခံမ၀င်ပါဘူး ... ချစ်သူ
ဆင်ချေပေးတဲ့စကားလည်း ငါမပြောတတ်သလို
မာယာများတဲ့ ရင်ခုန်သံနောက် ကခုန်ဖို့
လုံလောက်တဲ့ လေ့ကျင့်မှုတွေလည်း ငါ့မှာမရှိတော့ပါဘူး
ငါချစ်ရတဲ့ ၀တ်ရည်
ငါ့အတွက် ပျားရည်တစ်စက်မှမဖြစ်ခဲ့တာ ... ။
ရေခြားမြေခြား
ချစ်သူတို့ရဲ့ တိုက်ပွဲမှာ
ယောက်ျားတန်မဲ့ မျက်ရည်နဲ့
ငါ့ရင်တွေ သွေးချောင်းစီးခဲ့တယ်ဆိုတာ
မင်းခံစားတတ်ရင်ကောင်းမှာပေါ့
ကန့်သတ်ချက်မရှိတဲ့အတွေးခေါ်ကြား
အလွမ်းတွေကိုဘောင်ခတ်ပြီး
လျှပ်စီးတစ်ချက် မျက်ရည်စက်နဲ့
မမေ့နိုင်ခြင်းတွေကို
ရတုအဆက်ဆက်ချီပိုးခဲ့
တကယ်တော့ချစ်သူ .....
မမြဲခြင်းတရားကို လက်ကိုင်ထားလို့
မနက်ဖြန်တွေကို ချောင်းကြည့်ရင်း
အထီးကျန်ရိက္ခာထုပ်ကလေးနဲ့ ကျေနပ်နေရတဲ့ဘ၀ပါ
အချိုးစားမတူညီတဲ့ ဘ၀တွေမို့
မင်းမှာလည်း နေ့စွဲအသစ်တွေ
ငါ့မှာလည်း ကားချပ်အသစ်တွေနဲ့ပေါ့ကွာ
သံစဉ်ခြားနားတဲ့ သီချင်းနှစ်ပုဒ်ကို
ကိုယ့်ခံစားချက်နဲ့ကိုယ် နားထောင်ကြတော့
Pop သီချင်းက မင်းကိုအားဆေးတိုက်တယ်
Rock သီချင်းက ငါ့ကို ...
အချိန်နဲ့ အမျှ အဆိပ်ခပ်ခဲ့တယ် ။
တကယ်တော့ ...
ငါ့စိတ်ကူးနဲ့ငါ
ငါ့အဓိပ္ပယ် နဲ့ငါ
အရာရာ အနစ်နာခံမှုတွေနဲ့
မင်းခင်းတဲ့ဓားသွားလမ်းတွေပေါ်
ထုံဆေးပေးပြီး ခပ်မိုက်မိုက်လျှောက်လမ်းခဲ့ပြီပဲ
အိပ်မက်ဟာ
မက်မောခွင့်မရတဲ့ သန်းခေါင်ယံရနံ့ တစ်မျိုးလို့ငါမှမသိခဲ့တာ ... ။
ဒီနေ့ဒီချိန်ရောက်မှ
“ကျေနပ်သင့်ပြီ” ဆိုတဲ့ အမိန့်တော်သံဟာလည်း
ငါ့ကို ... စောစီးစွာ စစ်ရှုံးစေခဲ့ပြီလေ
အယူခံမ၀င်ပါဘူး ... ချစ်သူ
ဆင်ချေပေးတဲ့စကားလည်း ငါမပြောတတ်သလို
မာယာများတဲ့ ရင်ခုန်သံနောက် ကခုန်ဖို့
လုံလောက်တဲ့ လေ့ကျင့်မှုတွေလည်း ငါ့မှာမရှိတော့ပါဘူး
ငါချစ်ရတဲ့ ၀တ်ရည်
ငါ့အတွက် ပျားရည်တစ်စက်မှမဖြစ်ခဲ့တာ ... ။
ရေခြားမြေခြား
ချစ်သူတို့ရဲ့ တိုက်ပွဲမှာ
ယောက်ျားတန်မဲ့ မျက်ရည်နဲ့
ငါ့ရင်တွေ သွေးချောင်းစီးခဲ့တယ်ဆိုတာ
မင်းခံစားတတ်ရင်ကောင်းမှာပေါ့
ကန့်သတ်ချက်မရှိတဲ့အတွေးခေါ်ကြား
အလွမ်းတွေကိုဘောင်ခတ်ပြီး
လျှပ်စီးတစ်ချက် မျက်ရည်စက်နဲ့
မမေ့နိုင်ခြင်းတွေကို
ရတုအဆက်ဆက်ချီပိုးခဲ့
တကယ်တော့ချစ်သူ .....
မမြဲခြင်းတရားကို လက်ကိုင်ထားလို့
မနက်ဖြန်တွေကို ချောင်းကြည့်ရင်း
အထီးကျန်ရိက္ခာထုပ်ကလေးနဲ့ ကျေနပ်နေရတဲ့ဘ၀ပါ
အချိုးစားမတူညီတဲ့ ဘ၀တွေမို့
မင်းမှာလည်း နေ့စွဲအသစ်တွေ
ငါ့မှာလည်း ကားချပ်အသစ်တွေနဲ့ပေါ့ကွာ
သံစဉ်ခြားနားတဲ့ သီချင်းနှစ်ပုဒ်ကို
ကိုယ့်ခံစားချက်နဲ့ကိုယ် နားထောင်ကြတော့
Pop သီချင်းက မင်းကိုအားဆေးတိုက်တယ်
Rock သီချင်းက ငါ့ကို ...
အချိန်နဲ့ အမျှ အဆိပ်ခပ်ခဲ့တယ် ။
စိုင်းသူရ (ကုန်းမြင့်မြေ )