(၁)တခါကဗိုလ်ကြီးတစ်ဦးသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို မြှင့်တင်ချင်သည့်အတွက်ကိုယ့်ပုံကို
တံဆိပ်ခေါင်းအဖြင့် ထုတ်ဝေခဲ့သည်။
ထုတ်ဝေပြီး တစ်လအကြာတွင် ရောင်းအားကောင်းမကောင်း စာတိုက်ကြီးသို့ကိုယ်တိုင်သွားရောက်
စုံစမ်းခဲ့သည်။
ဗိုလ်ကြီး..... ငါ့ပုံနဲ့ တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့စာတိုက်မှုး......
ကောင်းပါတယ်......ဒါပေမယ့် တံဆိပ်ခေါင်းကော်သိပ်မကပ်ဘူးလို့ ပြောကြတယ်။
ဗိုလ်ကြီး......မဖြစ်နိုင်တာ
ကိုယ်တိုင် တံဆိပ်ခေါင်း တခုကို ယူပြီး နောက်ကျောကို တံထွေး ထွေးကာစာအိတ်ပေါ်တွင်
ကပ်ကြည့်လိုက်သည်။
ဗိုလ်ကြီး......ကပ်တာမှ မြဲနေတာပဲစာတိုက်မှုး.......
သူတို့က တံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။
ဟား ..... ဟား ...... ဟား ......
(၂)တခါက ဗိုလ်ကြီးတစ်ဦးသည်
ညအချိန်တွင် တယောက်တည်း အပြင်ထွက်မိရာ
လမ်းတွင်လုယက်သူ နှင့် တိုးသည်။
လုယက်သူ.......ပါသမျှ ပိုက်ဆံ အကုန်ထုတ်
ဗိုလ်ကြီး.....ငါဘယ်သူလဲ သိလား...
ငါဟာ ဒီတိုင်းပြည်ရဲ့ အကြီးအကဲကွ ....
လုယက်သူ.......ဒါဆို ယူထားသမျှတွေ အကုန်ပြန်ပေး ဟူသတည်း။
(၃)တခါကဗိုလ်ကြီးသည်
်နောက်လိုက်များနှင့် အစည်းအဝေးအတွက်
ှခရီးထွက်ကြသည်။
လမ်းတွင် မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပြီး အားလုံးဆေးရုံသို့ ရောက်သွားကြသည်။
ဗိုလ်ကြီး၏ သတင်းကို မေးမြန်းစုံစမ်းရန်အတွက်သတင်းထောက်များ လာရောက်ပြီး
ဆရာဝန်အား မေးမြန်းခဲ့ကြသည်။
သတင်းထောက်....ဆရာ...ဆရာ..ဗိုလ်ကြီးရဲ့
အခြေအနေ ဘယ်လိုလဲ ......
ဲဆရာဝန်.......... အင်း...အခြေအနေ မကောင်းဘူး
သတင်းထောက်...... သူ့ရဲ့ နောက်လိုက်တွေကော
ဆရာဝန်........သူတို့လဲ အခြေအနေ မကောင်းဘူး
သတင်းထောက်......ဒါဆို ဘယ်သူအခြေအနေ ကောင်းလဲ ဆရာ
ဆရာဝန်........ ငါတို့တိုင်းပြည် အခြေအနေ ကောင်းပြီ...... ဟူသတည်း။
(၄)တခါက ဗိုလ်ကြီးတစ်ဦး သည်
စိတ္တဇဆေးရုံ (ကြံဖွတ်ရုံး)သို့ သွားရောက် ကြည့်ရှုခဲ့သည်
ကြံဖွတ်ရုံးရှိ လူနာများက အကြီးအကဲကို တွေ့သည်နှင့်..
"ဗိုလ်ချုပ်မှုးကြီးကျန်းမာပါစေ...နေကောင်းပါစေ....သက်တော်ရှည်ပါစေ..." ဟု
ကောင်းချီးပေးကာကြိုဆိုကြသည်။
သို့သော် ထိုလူနာတဦးမှာ ဘာမှမပြောဘဲ ဗိုလ်ကြီး
အားမျက်နှာလွှဲပြီး နေသည်။
အကြီးအကဲက မြင်သော်"ဒီလူနာက ငါ့ကို မြင်တာတောင် မကြိုဆိုပါလား" ဟု ဆေးရုံအုပ်အား မေးလိုက်သည်။
ဆေးရုံအုပ် ပြန်ဖြေလိုက်သည်မှာ "လူနာရဲ့စိတ် ဒီနေ့ အခြေအနေကောင်းနေတယ်" ဟူတည်း။
Free Online Media Malaysia (ALL IN ONE)
ရီလိုက်ရတာမနည်းပါပဲ ....
Written By မောင်စေတနာ on Monday, September 14, 2009 | 12:42:00 AM
Related Articles
If you enjoyed this article just click here, or subscribe to receive more great content just like it.




.jpg?width=750)
