Home » » သူငယ်ချင်းဖတ်ဖို့ ... ၁၃

သူငယ်ချင်းဖတ်ဖို့ ... ၁၃

Written By မောင်စေတနာ on Thursday, October 1, 2009 | 9:03:00 AM

အဖေကပြောဖူးတယ်

သူငယ်ချင်းဆိုကြည့်ပေါင်းတဲ့။

ဆွဲချသူငယ်ချင်း

တွန်းတင်သူငယ်ချင်း

ရောလိုက်သူငယ်ချင်း

သုံးမျိုး သုံးစား ရှိသတဲ့။

ဆွဲချ သူငယ်ချင်းကတော့

မကောင်းတာတွေ တိုက်တွန်းပြီး

ဘဝနစ်မွန်းအောင် လုပ်တတ်သတဲ့။

တွန်းတင်သူငယ်ချင်းကတော့

တိုးတက်ကြီးပွားအောင်

ကြိုးစား တိုက်တွန်း နှိုးဆော်သတဲ့။

ရောလိုက် သူငယ်ချင်းကတော့

မကောင်းတာမပြော

ရောနှော ပျော်ရွှင် နေချင်သတဲ့။

အဖေက ငါ့ကိုဘယ်လို သူငယ်ချင်း မျိုး

ပေါင်းသင်းစေချင်လဲ ဆိုတာ မင်းသိမှာပါနော် ....

ကောင်းသန့်
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။