နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့မှ ကိုစိုးမင်းဋ္ဌေး (အသက် ၂၇ နှစ်) ၏ နာရေးအား ဒီကနေ့ ၂၀-၉-၂၀၁၃ ရက်နေ့ နေ့လည် ၁၂း၀၀ နာရီမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ချဲရက်စ်သချိုင်းသို့ ပို့ဆောင်သဂြိုလ်မှု ပြုလုပ်ခဲ့ပါသည်။
နာရေး / အမှတ်စဉ် ၊ ၄၆ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့မှ နာရေးကိစ္စများအတွက် ကူညီလုပ်ဆောင်မှုများ
ကွယ်လွန်သူ - ကိုစိုးမင်းဋ္ဌေး
အသက် - ၂၇ နှစ်
သဆုံးသည့်ရက် - ၁၆-၉-၂၀၁၃
သဂြိုလ်သည့်ရက် - ၂၀-၉-၂၀၁၃
သေဆုံးသည့်ရောဂါ - နှလုံးသွေးကြောရပ်
ဆေးရုံ - ဆာဒန်းဆေးရုံ၊ မလေးရှား
အကြောင်းကြားသူ - ဆန္ဒမောင်မောင်
လက်ခံသူ - ကိုသက် (ဥက္ကဌ)
မလေးရှားလိပ်စာ - ဘလက်ကောင်း
မြန်မာပြည်လိပ်စာ - စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်
မိသားစုနှင့်တကွ ထပ်တူထပ်မျှ ၀မ်းနည်းရပါကြောင်း။
အထက်ပါ နာရေးကိစ္စအား မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့သို့ အကူအညီ တောင်းခံလာရာ ကျွန်တော်များ အဖွဲ့ဝင်များမှ နာရေးကိစ္စ အဝဝကို စေတနာ အပြည့်ထား၍ ကူညီလုပ်ဆောင် ပေးခဲ့ပါသည်။
နှလုံးပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ (ကွာလာလမ်ပူ)
အမှတ် - ၂၃၊ သော်တာနဒီအပေါ်ထပ် (၄ လွှာ)၊
ဂျလန်း လီပို့ပူဒူး၊ ၅၀၀၅၀၊ ကွာလာလမ်ပူ၊ မလေးရှား။
Email : lovelyheart.blooddonation@gmail.com
Wedsite : http://www.myanmarblooddonorkl.com/
နေဇော်လင်း
Live Free Online Radio Media (Malaysia News)
http://www.malaysiaonlineradiomedia.com/
0 comments:
Post a Comment