Home » , » ဥပဒေစိုးမိုးရေး အရေးကြီးကြောင်း ဒေါ်စု ထပ်လောင်း ပြော

ဥပဒေစိုးမိုးရေး အရေးကြီးကြောင်း ဒေါ်စု ထပ်လောင်း ပြော

Written By မောင်စေတနာ on Thursday, June 7, 2012 | 12:49:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6sXKvqYwd_2oK48lU5QmIK6e577pDDPbY5_sNlFeDguQvHD3Q9TAzgp3iDGIurahgDt3OSDX_JlTHc2PHolXHXGglCzjRzJI4ueQ9WR6Gj105RTAeFlFIUfFD0_mWCZTAhBJOceK6tMDX/s400/d1.jpg

သတင်းစာရှင်းလင်းပွ္ပဲရောက် အစ္စလာမ်ဘာသာဝင်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလို ရင်းရင်းနှီးနှီး တွေ့ရပါတယ်။

ယခု လတ်တလောဖြစ်ပွားနေသော ရခိုင်ပြည်နယ်က စတင်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရားဥပဒေ စိုးမိုးမှု အရေးကြီး ကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE8v2z7LjKkBV2OQXiSM227KDUGir8Qg741yVm3N7u7c6SG5sJ5SszJCvQm9SNjUt7z6H4DQkWg7TuVEI1xnTipw3zljSCwbx_6zuxbb4D7YTRGVd1juPCa6KIEiEFi9TACQdrq9Hbjmdj/s400/d2.jpg

သတင်းစာရှင်းလင်းပွဲသို့ ၀င်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်

ဒီကနေ့ ဇွန်လ ၆ ရက် နေ့လယ် ၁၁နာရီက ရန်ကုန်မြို့ ရွှေဂုံတိုင်က NLD ရုံးတွင်ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပဋိပက္ခတွေ စတင်ဖြစ်ပွားချိန်မှာ ထိထိရောက်ရောက် ကိုင်တွယ် အရေးယူတာမျိုး မရှိခဲ့တာ ကြောင့် ယခုကဲ့သို့ မလိုလားအပ်တဲ့နောက်ဆက်တွဲ ပဋိပက္ခတွေ ထပ်ဖြစ်လာရ တာလို့လည်း ပြောပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMMGDAtZh72hQ54hbprpy4lVYlw0RF27skqCfUgj1KIcZ6t0uWv5bCJxafmdyIFv4I6lE-jdQ5cd93Dgr7HCI3RZ9KL6-9AYxAiNzmqk2JQHytWOqey-C3VE2HM4aQ5HraQSq4zBjlGu0W/s400/d3.jpg

သတင်းစာရှင်းလင်းပွဲတွင် သတင်းစာဆရာများကို ရှင်းလင်းပြောကြားနေပုံ

အခုဖြစ်နေတဲ့ ပဋိပက္ခတွေရဲ့ နောက်ကွယ်မှာ လှုံဆော်နေတဲ့သူတွေများ ရှိမလားလို့ သံသယဖြစ်ကြောင်း လည်း ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာတော့ မကြာခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး မြန်မာ အစိုးရနဲ့ နားလည်မှု မလွဲပဲ ပိုမိုခိုင်မာစွာ လက်တွဲနိုင်ရေးအတွက်လည်း ရှင်းလင်းပြောဆိုပါတယ်။

မနေ့က အစိုးရ သတင်းစာ ဆောင်းပါး တပုဒ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ ကို မြန်မာ့မျှော်လင့်ချက်များအဖြစ် ရေးသား ဖော်ပြခဲ့ပါတယ်။

အတိုက်အခံ ခေါင်းဆောင်နဲ့ အစိုးရ ခေါင်းဆောင်ကို ထူးထူး ခြားခြား တွဲဖက်ချီးမွမ်းခန်း ဖွင့်လိုက် တာ ဖြစ်ပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။