Home » , , » “မေစုကို ကြိုဆို ဘန်ကောက်ကို သွားဖို့ ကြိုစား၊ ထိုင်းစစ်တပ် ဖမ်းထား"

“မေစုကို ကြိုဆို ဘန်ကောက်ကို သွားဖို့ ကြိုစား၊ ထိုင်းစစ်တပ် ဖမ်းထား"

Written By မောင်စေတနာ on Thursday, June 7, 2012 | 4:41:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmG00RSS_NeRY_IKuot-iFPmkWZPYftfQaqjEjj4fFyGeVod11jmjrQ0KZjopn31LECM5lM-UcwzEvv76h-tjCoHARWOD3lseeWIZFUMkmAj2dBcMGb-w8bwkl9KlCrM0hRj5bbrYZGI-_/s400/555000007222103.JPEG

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ခိုးဝင်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာ နိုင်ငံသား ၆၄ ယောက်ကို ပြီးခဲ့တဲ့ ဇွန်လ ၄ ရက် တနင်္လာနေ့က စစ်တပ် အာဏာပိုင် တွေက ဖမ်းလိုက်တယ်လို့ မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာ မှာ ရေးထားပါတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSuwg-MOKuBl3etQboJIUucRK1Y5oJt0jNGyKbrr8P8IWudmv90Uo_Ik5bxSoxLlh1OD68col4P1hMElN3-EFl4fxd6-sIq4jZbEb5KtS2S9CPhHmJoO_fv7fvqMEG1peo9hxx8fu3gkuo/s400/555000007222101.JPEG

အဖမ်းခံရတဲ့ သူတွေ အားလုံကတော့ အသက် ၂၅ နှစ် အောက် တွေပါ၊ အမျိုးသမီး ၅၃ ယောက်နဲ့ အမျိုးသား ၁၁ ယောက်ပါ ဖြစ် ပါတယ်။ တရားဝင် ခရီးသွားလာတဲ့ စာရွက်စာတမ်းတွေ မရှိပါဘူး။ မဲဆောက်မြို့အထွက် စစ်ဆေးရေး ဂိတ်ကို ရှောင်ပြီး သွားနေတုန်း တောထဲမှာ အဖမ်းခံရတာပါ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4mOp3sq6-q1A7NNLKh1TyCCyjSpnRGxdr1YhL1H3CUD8nVnW6FJr7OJN0t91GJY5ohl8W7156xiy09dtfEt6iqKww5gc6_JVdkYeie9-DDCghX8mBpbb6vhbxHxHc2TsaXBpCon1SCvCb/s400/555000007222104.JPEG

အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသား တဦး၏ ထွက်ဆိုချက်အရ“အခု အဖမ်းခံရတာနဲ့ဆိုရင် သုံးကြိမ်ရှိ သွားပြီး နောက်ဆုံ အဖမ်း ခံရတဲ့ နေ့က ဒီလ ၂ ရက်နေ့က ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို လေဆိပ်မှာ ကြိုဆိုဖို့ လူငယ်တွေနဲ့ အတူ မဲဆောက်ဘက် ကမ်းကို ရောက်လာတယ်၊ အခွင့်အရေး ရတော့ ဘန်ကောက်ကို သွားဖို့ ကြိုးစားနေတဲ့ အချိန်မှာ အခုလို့မျိုး အဖမ်းခံရတာပါ”လို့ မန်နေဂျာ အွန်လိုင်း သတင်းထဲမှာ ရေးသား ထားပါတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaOfuounzhuUewp9qlOLZlYbFmMNyPiAhQ8exG2Kn6wnkSITdgP62rJdW4eCWvMRwC-QbndStZaASwTo3PVOzc0b02XjlOjYr4jTwRohDc1dfYl66ZVLbyXlxsyH_hrPBkrOdeUkwJHrAm/s400/555000007222102.JPEG

ထိုင်းအာဏာပိုင်တွေကလည်း ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒီလို အဖမ်းခံရတဲ့ သူတွေကို ထိုင်းအာ ဏာပိုင်က စစ်ဆေးမေးမြန်းပြီး လူဝင်မှု ကြီးကြပ်ရေး ဌာန (လ၀က) မှာ ထိန်းသိမ်းလေ့ ရှိပါတယ်။ လ၀က စခန်းမှာ ယာယီ ထိန်း သိမ်းပြီး မူရင်း နိုင်ငံကို ပြန်ပို့လေ့ ရှိတယ်လို့ သိပါတယ်။

Source by :http://blog.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။