
ထိုင်ဝမ်အခြေစိုက် မိုဘိုင်းဖုန်း ထုတ်လုပ်ရေး ကုမ္မဏီ HTC က နာမည်ကျော် Facebook နဲ့ ပူးတွဲပြီး Android စနစ်သုံး ဖုန်းအသစ်များ ထွင်နေပြီဖြစ်ကြောင်း ကြားသိရပါတယ်။
လူမှုကွန်ရက်ဆက်သွယ်ရေးကို ဦးစားပေးမယ့် မိုဘိုင်းဖုန်း ဖြစ်လာမယ်လို့ ဆိုပါတယ်။
HTC ကုမ္မဏီ က ယခင်က ကမ္ဘာ အကြီးဆုံး search engine ဖြစ်တဲ့ ဂူလ်ဂဲ နှင့်ပေါင်းပြီး Nexus One ကို ထုတ်လုပ်ဖူးပါသေးတယ်။ နောက်တော့ ဂူလ်ဂဲ က HTC နဲ့ လမ်းခွဲပြီး ကိုရီးယား အခြေစိုက် Samsung နဲ့ ပူးတွဲကာ Nexus S, Galaxy Nexus ဖုန်းများ ထုတ်လုပ်ခဲ့ကြပါတယ်။
ဈေးကွတ်အတွင်း Samsung နဲ့ iPhone များ ကြီးစိုးနေမူကို ယှဉ်ပြိုင်ရန် HTC ရဲ့  ဗျူဟာ အသစ်လဲ ဖြစ်နိုင်ပါတယ်....
Facebook ဖုန်းတွေ ဒီနှစ်မကုန်ခင် ထွက်ရှိနိုင်မယ်လို့ ထင်ရပါတယ်...
Source by :http://www.irrawaddyblog.com/
0 comments:
Post a Comment