Home » , , » ပိတ်ဆို့မှုများ ဆိုင်းငံ့သင့်ကြောင်း ဗြိတိန် ၀န်ကြီးချုပ်ပြော

ပိတ်ဆို့မှုများ ဆိုင်းငံ့သင့်ကြောင်း ဗြိတိန် ၀န်ကြီးချုပ်ပြော

Written By မောင်စေတနာ on Saturday, April 14, 2012 | 5:34:00 AM


ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ယနေ့ ရောက်ရှိလာသော ဒေးဗစ်ကင်မရွန်း [ဓာတ်ပုံ-ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ရုံး ၀က်ဆိုက်]

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဥရောပနိုင်ငံတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ဆိုင်းငံ့သင့်ကြောင်း ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ယနေ့ နေ့ခင်းပိုင်း ရန်ကုန်တွင် ရောက်စဉ် ပြောကြားလိုက်သည်။

နံနက်ခင်းပိုင်းက နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်၊ ထို့နောက် ရန်ကုန်တွင် ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံအပြီး ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"မြန်မာပြည်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့တာတွေကို ဆိုင်းငံ့ဖို့အချိန်ရောက်ပြီလို့ ကျနော်ယူဆပါတယ် ... ဆိုင်းငံ့ဖို့ ပြောတာနော်၊ အဆုံးသတ်ဖို့ပြောတာ မဟုတ်ပါဘူး" ဟု ဆိုသည်။

စစ်လက်နက်ပစ္စည်း ၀ယ်ယူမှု ပိတ်ပင်ခြင်းမှ အပ ကျန် ပိတ်ဆို့မှုများအား ဆိုင်းငံ့ထားသင့်သည်ဟု ဒေးဗစ်ကင်မရွန်းက ဆိုသည်။

"လက်ရှိအချိန်နဲ့ (ဦးသိန်းစိန်အစိုးရသက်တမ်းကုန်ဆုံးမယ့်) ၂၀၁၅ ကြားထဲမှာ ခရီးဆက်ရမှာ အရှည်ကြီး ကျန်နေသေးတယ်။ ပွင့်ပွင့်လင်းလင်း ပြောပါရစေ၊ လုပ်စရာတွေ အများကြီး အများကြီး ကျန်နေပါသေးတယ်" ဟု ဒေးဗစ်ကင်မရွန်းက ပြောဆိုကြောင်း သူ၏ မြန်မာ ခရီးစဉ် အကြောင်း တိုက်ရိုက် ရေးသား တင်ဆက်လျက် ရှိသည့် The Guardian သတင်းစာ အင်တာနက်စာမျက်နှာတွင် ရေးထားသည်။

နိုင်ငံတကာကလည်း မြန်မာပြည်က ပြုပြင်ပြောင်းလဲရေးအခြေအနေများနှင့် ပတ်သက်ပြီး တုံ့ပြန်ဆောင်ရွက်ရန် အချိန်ကောင်းဖြစ်သည်ဟု သူက ဆိုသည်။

မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်မှုများကို တုန့်ဆိုင်းခြင်း မရှိဘဲ အားပေးထောက်ခံသင့်သည်ဟု မြန်မာပြည် မရောက်ခင်ကပင် ဒေးဗစ်ကင်မရွန်းက ပြောဆိုခဲ့ပြီး ဖြစ်သည်။

သူ၏ ခရီးစဉ်အတွင်းမှာပင် ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က ကြေညာချက် ထုတ်ပြန်ရာ မြန်မာအစိုးရ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အားနည်းနေတာသည်ဟု ဆိုထားသည်။ ဒဏ်ခတ်ပိတ်ဆို့မှုများအား ရုပ်သိမ်းရန် အချိန်မတန်သေးကြောင်း တိုက်တွန်း ပြောကြားထားသည်။

သူ၏ မြန်မာပြည် အပါအ၀င် အာရှ ငါးနိုင်ငံခရီးစဉ်တွင် ကုန်သွယ် စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ လိုက်ပါသွားကြောင်း သိရသည်။

ညွှန်း- http://moemaka.blogspot.com/


Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။