နိုင်ငံရေးအကျဉ်းသားများ မရှိတော့သည့် နယ်အကျဉ်းထောင်အချို့၌ အကျဉ်းသား တစ်ယောက်အား ပြုမူဆက်ဆံ ကျွေးမွေး မှုများသည် ပိုမိုညံ့ဖျင်းလာကြောင်း သိရှိရပါသည်၊ထိုထောင်များထဲတွင် ကသာ အကျဉ်းထောင် ပါဝင်သည်။ အဆိုးရွားဆုံးမှာ ကျန်းမာရေး စောင့်ရှောက်မှုပင်ဖြစ်ကြောင်း ကသာအကျဉ်းထောင်မှ လွတ်မြောက် လာသူ တစ်ဦးက ဆိုသည်။
ကသာတွင် ကာလကြာရှည်စွာ ထိန်းသိမ်းခံခဲ့ရသူ NLD ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းထိန်က အသံလွှင့်မီဒီယာများသို့ “ကသာထောင်အတွင်း အဆိုးရွားဆုံးမှာ ကျန်းမာရေးစောင့်ရှောက်မှု ပင်ဖြစ်သည်” ဟု ထုတ်ဖေါ် ပြောဆိုခဲ့ဖူးသည်။
ထိုသို့ပြောဆိုပြီးနောက်ပိုင်း အာဏာပိုင်တို့က ဆရာဝန်တစ်ဦးကို ကသာအကျဉ်းထောင်၌ တာဝန် ချထားပေးခဲ့သည်။
သို့သော်လည်း သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကိုအံ့ဖွယ်ကျော် မမီးမီးမလှလှဝင်းတို့အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်သွားပြီး နောက်ပိုင်း(မတ်လကတည်း)ထောင်ဆရာဝန် မရှိတော့ကြောင်း သိရသည်။ထောင်အတွင်း ထမင်းဖြူပေးပို့မှုကိုလည်း ခွင့်မပြုကြောင်း၊ ထောင်အတွင်း ထမင်း မကောင်းလို့ အပြင်က ပို့ရတယ် ဆိုပြီး အပြောခံရမှာစိုးလို့ ထမင်းဖြူ ပို့ခွင့် မရတာ ဖြစ်ကြောင်း ပြောဆိုနေကြသည်၊
ထို့ထက် ပိုမိုဆိုးဝါးသည်မှာ ရေချိုးရသည့် အခြေအနေ ဖြစ်သည်ဟု ဆိုသည်။ “ရေချိုးရင်လည်း ပုံစံနဲ့ပဲချိုးရပါတယ်၊ သတ်မှတ်ထားတာက ၁၄ခွက်ပါ၊ ပထမ(၇)ခွက်ချိုး၊နောက်တစ်ခွက် ဆပ်ပြာတိုက်၊နောက်(၆)ခွက်ချိုးပေါ့၊ ဒါကိုလည်း ရေချိုးခွက် အကြီးနဲ့ ဆိုရင် ခွင့်မပြုပါဘူး၊ ကသာထောင်ဟာ လူသားချင်းညာတာမှု အတော်ကင်းပါတယ်၊ စားဖိုဆောင်မှာတော့ ပုံစံမလို အ၀စားလို့ရေးထားသလိုရေချိုးတဲ့နေရာမှာလည်း ပုံစံမလို အ၀ချိုး ဆိုတာမျိုးဖြစ်သင့်ပါတယ်” ဟုပြောဆိုနေကြပါသည်၊Source by :http://www.irrawaddyblog.com/




.jpg?width=750)

0 comments:
Post a Comment