Home » , » အရိုးကွဲအောင် ရိုက်လို့ အသည်းစွဲအောင် ချစ်တဲ့ Rihanna

အရိုးကွဲအောင် ရိုက်လို့ အသည်းစွဲအောင် ချစ်တဲ့ Rihanna

Written By မောင်စေတနာ on Sunday, March 25, 2012 | 5:02:00 AM

Rihanna

ကမ္ဘာအကျော် အဆိုတော် Rihanna ဟာ ၂၀၀၉ ခုနှစ်က သူ့ကို အရိုးကွဲအောင် ရိုက်ခဲ့တဲ့ ချစ်သူဟောင်း R&B အဆိုတော် Chris Brown နဲ့ ၃ နှစ်ကြာ ကွဲခဲ့အပြီးမှာ သီချင်းတွေ တွဲဆိုဖို့ ဆုံးဖြတ်လိုက်ပါတယ် တဲ့။

Cris နဲ့ Rihina

၂၀၀၉ ခုနှစ် ဂရမ်မီဆုပေးပွဲ မတိုင်ခင် ည အထိ R&B အဆိုတော် Chris Brown ဟာ နာမည်အကြီးဆုံး အဆိုတော် တဦး ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ချစ်သူ Rihina က လက်ကိုင်ဖုန်း သတင်းမက်ဆေ့ခ်ျ တခုနဲ့ ပတ်သက်ပြီး စိတ်မထိမ်းနိုင်ဘဲ သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်လိုက်ရာက တရားရုံးတွေအထိ ရောက်ခဲ့ပါတယ်။

တရားရုံးကလည်း Rihina နဲ့ ကိုက် ၁၀၀ အတွင်း မကပ်ရ လို့ အမိန့်ချမှတ်ခဲ့လို့ ချစ်သူနဲ့ ဝေးကွာနေခဲ့ကြရတယ်။

Cris ရဲ့ အရိုးကွဲအောင် ရိုက်ခဲ့တဲ့ လက်ချက်

အဲဒီ လုပ်ရပ်ကြောင့် Cris Brown ဟာ သူ့ရဲ့ ကျော်ကြားမှုနဲ့ ဂီတလောကမှာ နာမည် ကျဆင်းသွားခဲ့ရတာပါ။ ဒါပေမယ့် အခုတော့ Cris Brown ရဲ့ Turn up the music နဲ့ Rihana ရဲ့ Birthday cake သီချင်းတွေကို အပြန်အလှန် တယောက်နဲ့ တယောက် တွဲဖက် သီဆိုဖို့ စတူဒီယိုကို အတူတူ လက်တွဲလာရောက်ခဲ့ကြပါတယ်။

အသက် ၂၄ နှစ် ရှိပြီဖြစ်တဲ့ Rihina က သူ ဘာကြောင့် Cris နဲ့ ပြန်လက်တွဲရတယ် ဆိုတာကို ပရိတ်သတ်တွေကို ရှင်းရှင်း လင်းလင်း သိစေဖို့ အတွက် ယခု မတ်လ ၁၅ ရက်နေ့က La Radio Show ပွဲကို လာပြီး သူ့ရဲ့ Birthday cake သီချင်းကို အကောင်းဆုံး တွဲဖက်သီဆိုပေးနိုင်သူဟာ Cris ပဲ ဖြစ်တယ်ဆိုတာကို ပြောခဲ့တယ်။

Rihina ဟာ သီချင်းတွေကိုဘဲ အတူ ပြန်လက်တွဲ သီဆိုဖို့ တင်မကဘဲ နဂိုတုန်းကလိုဘဲ ချစ်သူတွေအဖြစ် ပြန်လက်တွဲ သွား ဖို့ အစီအစဉ်ရှိတယ်လို့လည်း နီးစပ်သူတွေကြား ပြောဆိုနေကြတယ်။

အသည်းစွဲအောင် ချစ်ကြမယ့် Cris နဲ့ Rihina

Twitter လူမှုကွန်ရက်မှာ Rihina က “တို့ ၂ ယောက်ကို အတူတူ တွဲလာတဲ့အခါ လူတွေ ဘာပြောကြမလဲ” လို့ ရေးထားတာကို ကြည့်ခြင်း အားဖြင့်လည်း ပရိတ်သတ်တွေက Rihina ဟာ သူ့ချစ်သူဟောင်းက အရိုးကွဲအောင် ရိုက်ခဲ့ လို့ အသည်းစွဲ အောင်ချစ်တာ ဖြစ်မယ်လို့ ပြောနေကြလေရဲ့ ။

Source by :http://www.irrawaddyblog.com/
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။