ဒဏ်ရာရသွားတဲ့ NLD အဖွဲ့ဝင် ဆေးရုံမှာ ကုသမှု ခံယူနေပါတယ် (ဓာတ်ပုံ - ပေါ်ပြူလာဂျာနယ်)နေပြည်တော် ဥတ္တရသီရိ နယ်မြေမှာ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးမင်းသူ တနင်္ဂနွေနေ့က စည်းရုံးရေးဆင်းရာမှာ လေးခွနဲ့ တိုက်ခိုက်ခံရလို့ အဖွဲ့ဝင် အမျိုးသမီးတဦး ဒဏ်ရာရသွားပါတယ် တဲ့၊ ပေါ်ပြူလာဂျာနယ် Facebook မှာ ရေးထားပါတယ်။
ဥတ္တရသီရိမြို့ အောင်ချမ်းသာရွာမှာ ပစ်ခံရတာလို့ ဆိုပါတယ်။ ဦးမင်းသူရဲ့ ပြောဆိုပုံအရဆိုရင် အဲဒီနယ်မြေမှာ တိုက်ခိုက်ခံရမယ် ဆိုတာကို ကြိုသိနေကြသလိုပါပဲ။ ပေါ်ပြူလာဂျာနယ်ကို သူပြောပုံက ဒီလိုပါ -
''အဲဒီနေ့က ဖောင်းလောင်း၊ မုံနစ်၊ အောင်ချမ်းသာ စတဲ့ ရွာသုံးရွာကို စည်းရုံးရေး ဆင်းတဲ့နေ့ပေါ့။ နောက်ဆုံးကျေးရွာက အောင်ချမ်းသာ ကျေးရွာလေ။ အပစ်ခံရတဲ့အချိန်က ည ၇ နာရီဆိုတော့ မှောင်နေပြီပေါ့။ ဒါပေမဲ့ ရွာခံအချို့နဲ့ အောင်နိုင်ရေးအဖွဲ့ဝင်အချို့က ချက်ချင်းပြန်ဖို့လာပြောတော့ ကျွန်တော်လည်း လက်စသိမ်းပြီး ပြန် တယ်။
အဲဒီမှာ ကျွန်တော့်ကို အောင် နိုင်ရေးအဖွဲ့ လူငယ်တွေက ဝိုင်းရံပြီး ခေါ်သွားတယ်။ ပြီးတော့ ကားခေါင်း ခန်းထဲမှာ မထိုင်ဖို့ အကြံပေးပြီး Light truck ကားရဲ့ နောက်ခန်း ထဲမှာ လူငယ်တွေကာပြီး ထိုင်နေရာ က ဟာလာဟင်းလင်းကြီး ဖြစ်နေ လို့ အောင်နိုင်ရေးအဖွဲ့က လူကြီး တစ်ဦးက အခု ဆေးရုံတင်ထားရတဲ့ မပွင့်ဖြူပြုံးကို လွတ်နေတဲ့နေရာကို ကာဖို့အတွက် တာဝန်ပေးတယ်။
မပွင့်ဖြူပြုံးက သူ့နေရာက ထပြီး ကျွန်တော့်ရှေ့အရောက် ''ဟာ ဦးပစ် နေပြီ'' လို့ပြောပြီး ပုံလဲကျသွား တယ်။ ဒါနဲ့ ပရိသတ်လဲ ရုတ်ရုတ် သဲသဲ ဖြစ်သွားတယ်။ ကျွန်တော်တို့ လည်း ခပ်မြန်မြန် ပြန်လာရတယ်"
လွှတ်တော်ကိုယ်စားလှယ်လောင်းကို သူ့လူတွေက ကားရှေ့ခန်း မထိုင်ဘဲ နောက်မှာထိုင်ဖို့ အကြံပေးတယ်၊ ဘေးကနေ ကာရံထားကြတယ် တဲ့။
NLD အဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာ ပါတီသက်တမ်း နှစ် ၂၀ ကျော်အတွင်း မကြာခဏပါ။ ချောင်းရိုက်၊ ဗြောင်ရိုက်မှုတွေကအစ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုအထိပါပဲ။

သံလက်သီးဖြင့်တိုက်ခိုက်ခံရပြီးတွေ့ရသော ဦးသန်းလွင်
မန္တလေးတိုင်း မတ္တရာမြို့နယ် ၁၉၉၀ လူထုကိုယ်စားလှယ် ဦးသန်းလွင် ဆိုရင် သံလက်သီးနဲ့ ထိုးခံရလို့ နှာခေါင်းရိုးကျိုးပြီး မျက်လုံးတဘက်ကွယ်သွားပါတယ်။ ၂၀၀၇ တုန်းကပါ။
သူ့ကိုထိုးတဲ့သူ အရေးအယူမခံရပေမယ့် သူကိုယ်တိုင်တော့ အဲဒီနှစ်ကုန်ပိုင်းမှာ အဖမ်းခံရပြီး ထောင် ၈ နှစ် ကျသွားပါတယ်။
သူ့ကိုထိုးတဲ့သူ အရေးအယူမခံရပေမယ့် သူကိုယ်တိုင်တော့ အဲဒီနှစ်ကုန်ပိုင်းမှာ အဖမ်းခံရပြီး ထောင် ၈ နှစ် ကျသွားပါတယ်။
Source by :http://www.irrawaddyblog.com/




.jpg?width=750)
