Home » , » ကိုယ့်ကိုယ်ကို မီးရှို့တဲ့ တိဗက်လူငယ် သေဆုံး

ကိုယ့်ကိုယ်ကို မီးရှို့တဲ့ တိဗက်လူငယ် သေဆုံး

Written By မောင်စေတနာ on Thursday, March 29, 2012 | 1:38:00 PM

အိန္ဒိယကိုလာမယ့် တရုတ်သမတ ဟူကျင်တောင်းကို ဆန္ဒပြတဲ့ အနေနဲ့ ကိုယ့်ကိုယ်ကို မီးရှို့ခဲ့တဲ့ တိဗက်လူငယ် ဂျန်ဖယ်လ်ရာရှီဟာ ဒီနေနေ့လည်မှာပဲ သေဆုံးသွားပါပြီ။

ခန္ဓာကိုယ်တခုလုံးရဲ့ ၉၈ ရာနှုန်းမီးလောင်ကျွမ်းလို့ ရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။


“၂၁ ရာစုမှာ ဒီလို ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြကြတယ်ဆိုတာ တိဗက်လူမျိုးတွေ ဘယ်လောက်တောင် ခံစားနေရတယ်ဆိုတာကို ကမ္ဘာကသိအောင် ပြနေတာပဲ” လို့ ဂျန်ဖယ်လ်ရာရှီရဲ့ လက်ရေးနဲ့စာကို သူ့အခန်းထဲမှာ တွေ့ရတယ်လို့ တိဗက် တက်ကြွသူတွေက ပြောပါတယ်။

သူဟာ တိဗက်ဒေသမှာ မွေးဖွားပြီး ဖိနှိပ်မှုတွေကြောင့် အိန္ဒိယနိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင်လာရသူဖြစ်ပါတယ်။ အိန္ဒိယရောက်တော့လည်း တိဗက်လူငယ်အဖွဲ့မှာ တက်တက်ကြွကြွပါဝင် လှုပ်ရှားသူတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဟူကျင်တောင်းရဲ့ အိန္ဒိယခရီးစဉ်ကို နယူးဒေလီမြို့ ဂျန်တားမန်တားမှာ မတ်လ ၂၆ ရက်နေ့က တိဗက်တက်ကြွသူတွေ ဆန္ဒပြကြတုန်းမှာ ဂျန်ဖယ်လ်ရာရှီက သူ့ကိုယ်သူ မီးရှို့ခဲ့တာပါ။

တိဗက်ဒေသမှာ ဖြစ်နေတဲ့ တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေကို ဆန္ဒပြတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို မီးရှို့သူတွေ အယောက် ၃၀ ကျော် ရှိနေပြီး ၂၀ ကျော်ကတော့ အသက်သေဆုံးခဲ့ကြတယ်လို့ တိဗက်လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။