Home » , » အရှင်ဂမ္ဘီရ နှင့် ၂ ဦး ပြန်လွတ်

အရှင်ဂမ္ဘီရ နှင့် ၂ ဦး ပြန်လွတ်

Written By မောင်စေတနာ on Thursday, March 8, 2012 | 9:10:00 PM

ဓာတ်ပုံ - ENIGMA IMAGE

အာဏာပိုင်တို့က ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရ တို့ကို ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်ပါပြီ။ အင်္ဂါနေ့ညမှာ ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ည ၉ နာရီမှာ ပြန်လွှတ်ပေးလိုက်တာပါ။

မကြာသေးမီက ဆရာတော် သွားရောက်ခဲ့တဲ့ ကချင်ခရီးစဉ် အကြောင်း ခေါ်မေးတယ်၊ ညဘက် အိပ်ခွင့်မပြုဘဲ စစ်ကြော မေးမြန်းတယ်လို့ ဆိုပါတယ်။

အတူတူ ဖမ်းဆီး ခေါ်ဆောင် သွားခံရတဲ့ ဆရာတော်ရဲ့ညီ တော်စပ်သူ ကိုလွင်မောင်မောင်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထွန်းထွန်းဦး တို့လည်း ပြန်လွတ်လာပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့လကလည်း ဦးဂမ္ဘီရ တကြိမ် ခေါ်ယူ စစ်ဆေး ခံရပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။