Home » , » ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်မယ့်လူ

ဒေါ်အောင်ဆန်းစုကြည်ကို ယှဉ်မယ့်လူ

Written By မောင်စေတနာ on Monday, March 26, 2012 | 9:45:00 AM


ကြားဖြတ်ရွေးကောက်ပွဲ ရန်ကုန် ကော့မှူး မဲဆန္ဒနယ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိက ပြိုင်ဘက်က ဒေါက်တာစိုးမင်း ဖြစ်ပါတယ်။ သူက ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြုပြိုင်မှာပါ။

ဒေါက်တာစိုးမင်းက ဘယ်သူလဲ။

သူက နိုင်ငံရေးနယ်ပယ်က မဟုတ်ပါဘူး။ စစ်တပ်က ဆရာဝန်ဖြစ်တယ်၊ ၂၀၀၈ မှာ အငြိမ်းစားယူပြီး ကြံ့ခိုင်ရေးပါတီ ၀င်ခဲ့တယ် လို့ Reuters သတင်းဌာနရဲ့ ဆောင်းပါးတပုဒ်မှာ ရေးထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ ပါတီက သူ့ကို ရွေးခဲ့တယ် တဲ့။ သူက တွံတေးဇာတိ ဖြစ်ပါတယ်။ ရန်ကုန် ဆေးတက္ကသိုလ် ကနေ ကျောင်းပြီးတယ်၊ ၂ နှစ်အကြာမှာ ၁၉၈၈ လူထုလှုပ်ရှားမှု ပေါ်ပေါက်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံရချိန်မှာ သူက ဆရာဝန်စိုးမင်းက စစ်တပ်ထဲ ၀င်လိုက်ပါတယ် တဲ့။
သူက ငွေရှာဖို့ စိတ်မပါဘူး၊ ရှေ့တန်းကိုပဲ သွားခဲ့သူပါ တဲ့။


အငြိမ်းစား စစ်တပ် ဆရာဝန်က အခုတော့ ပါတီက ထောက်ပံ့ငွေနဲ့ ဖွင့်ထားတဲ့ အခမဲ့ ဆေးခန်း ၂ ခုအတွက် သူလုပ်ကိုင် နေတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားနည်းချက်ကတော့ ပြည်ပမှာ နေထိုင်ခဲ့တာပါပဲ တဲ့။

“ကျနော်တို့နိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး ဖြစ်ရပ်မှန်ကို သူမသိဘူး” လို့ သူက ဆိုပါတယ်။

“သီအိုရီ အပိုင်းကို သူပိုသိတယ်၊ ကျနော်က လက်တွေ့ပိုင်း ပိုသိတယ်” တဲ့။

ဒီရွေးကောက်ပွဲကနေ အတွေ့အကြုံတွေ အများကြီးရမှာပဲလို့ သူက ဆိုပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ကိုပါ ဒေါက်တာစိုးမင်းက စဉ်းစားနေပါတယ် တဲ့။

ဆောင်းပါးရှင်က သူ့ဆောင်းပါးကို ဒေသခံ အောင်မင်း ဆိုတဲ့ ကော့မှူးက ဈေးသည်ရဲ့စကားနဲ့ အဆုံး သတ်ထားပါတယ်။

“အခုချိန်မှာတော့ ဒေါ်စုကို ဘယ်သူမှ ယှဉ်လို့ မရပါဘူး၊ ဒါ ပွင့်ပွင့်လင်းလင်း ပြောတာနော်။ မိုးပေါ်က သိကြားမင်း တောင်မှ ယှဉ်နိုင်မှာ မဟုတ်ဘူး” တဲ့။

ညွှန်း - Reuters သတင်း - In Myanmar, old soldier fights losing war against Suu Kyi
‎ - http://www.euronews.com/newswires/1453982-in-myanmar-old-soldier-fights-losing-war-against-suu-kyi/



Source by :http://www.irrawaddyblog.com/
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။