Home » » ၂၀၁၃ မှစပြီး စင်ကာပူ အိမ်ဖော်များ တစ်ပတ် တစ်ရက် နားခွင့် ရမည်

၂၀၁၃ မှစပြီး စင်ကာပူ အိမ်ဖော်များ တစ်ပတ် တစ်ရက် နားခွင့် ရမည်

Written By မောင်စေတနာ on Monday, March 26, 2012 | 8:07:00 PM



တိုင်းပြည်တွင် အလုပ်လုပ်နေကြသော အိမ်ဖော်များသည် တစ်ပတ်လျှင် တစ်ရက် နားခွင့်ရမည်ဟု စင်ကာပူအစိုးရက ကြေညာသည်။ လုပ်ထုံးလုပ် နည်း သစ်သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက် မှစပြီး အာဏာ သက်ရောက် မည်ဖြစ်ပြီး အလုပ်ပါမစ်အသစ်လဲသူများ သို့မဟုတ် ယင်းရက်နောက်ပိုင်း အလုပ်ပါမစ် ထုတ်ပေးသည့် ပြည်ပအိမ်ဖော်အားလုံးနှင့် အကျုံးဝင်မည်ဖြစ်သည်။

အိမ်ဖော်များ၏ တိုင်းပြည် အစိုးရများနှင့် တက်ြွကလှုပ်ရှားသူ များက အချိန်ကြာရှည်စွာ လှုပ် ရှားမှုပြုပြီးနောက် အထက်ပါကိစ္စ ပေါ်ပေါက်လာခြင်းဖြစ်သည်။ စင် ကာပူတွင်အိမ်ဖော် ၂၀ဝ,ဝ၀ဝ ကျော် ရှိပြီး အများစုမှာဖိလစ်ပိုင် အင်ဒို နီးရှား၊ အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံ များမှဖြစ်ကြသည်။

"တစ်ပတ်တစ်ရက် နားခွင့် ဟာ အခြေခံအလုပ်သမား အခွင့် အရေးအဖြစ် နိုင်ငံတကာတွင်အသိ အမှတ်ပြုထားတယ်"ဟု လူအင် အား အရင်းအမြစ်ဆိုင်ရာ ဝန်ကြီး တူချွမ်ကျင်က မတ် ၅ ရက်နေ့တွင် ပါလီမန်၌ ပြောကြားသည်။ ဆက် လက် ပြီး ဝန်ကြီးက ၂၀ဝ၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း တစ်ပတ် တစ် ရက်နားခွင့်မရသဖြင့် အိမ်ဖော်များ အနေဖြင့် အလုပ်တွင်ထိခိုက် ဒဏ် ရာရသူများသို့ သေကြောင်း ကြံ စည်မှုများ ထူးထူးခြားခြား ရှိခဲ့ ကြောင်း၊သို့သော်အကယ်၍အလုပ် ရှင်နှင့် အလုပ်သမား သဘောတူ လျှင် အားလပ်ရက်အလုပ်လုပ်သည့် အတွက် အချိန်ပိုကြေးပေးရန် ညှိ နှိုင်းရနိုင်သည်ဟု ပြောကြားသည်။

စင်ကာပူရှိ ပြည်ပနိုင်ငံသား အိမ် ဖော်များသည် တစ်ပတ် တစ်ရက် နားခွင့်ရရန် ဆယ်စုနှစ်ပေါင်း များ စွာ တောင်းဆိုခဲ့ကြသည်။ ပြည်ပနိုင်ငံသားအိမ်ဖော် ဦး ရေ အများအပြားရှိသည့် အခြား အာရှနိုင်ငံတစ်နိုင်ငံ ဟောင်ကောင် တွင် အိမ်ဖော်များသည် အပတ်စဉ် နားခွင့်တစ်ရက်ရကြပြီး ဖြစ်သည်။

Source by :http://yoyarlay.com/
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။