ကက်ပတိန် ကန်ချလ ကမ်ပေါ့ တော့တိုဆာ (ဓာတ်ပုံ - ဘန်ကောက်ပို့စ်)ထိုင်းနိုင်ငံ Bangkok Airways လေကြောင်းလိုင်းက အမျိုးသမီးလေယာဉ်မှူးကြီး ကက်ပတိန် ကန်ချလ ကမ်ပေါ့ တော့တိုဆာပါ။ လေယာဉ်မှူးကြီးအဆင့် ကက်ပတိန်ရာထူးရတဲ့ ထိုင်းအမျိုးသမီး ၄ ဦးသာ ရှိပါသတဲ့။
အမျိုးသမီးလေယာဉ်မှူးကြီးတွေဟာ Bangkok Airways နဲ့ Thai AirAsia (TAA) လေကြောင်းလိုင်း ၂ ခုမှာသာ လုပ်ကိုင်နေပြီး ထိုင်းရဲ့အကြီးဆုံး လေကြောင်းလိုင်းဖြစ်တဲ့ Thai Airways International ကိုတော့ အမျိုးသားလေယာဉ်မှူးကြီးတွေကသာ ၅၁ နှစ်လုံး ကြီးစိုးထားပါသတဲ့။
TAA လေကြောင်းက အမျိုးသမီး အကူလေယာဉ်မှူး ချာနာပေါင်းဆိုရင် ၂၀၀၅ နှစ်က မယ်ယိုးဒယား အလှပိုင်ရှင်ပါ..တဲ့။
လေယာဉ်မှူးကြီး ယူနီဖောင်းနဲ့ ကျွန်မကိုမြင်တော့ သဘောကျလို့ကြည့်သူတွေ ရှိသလို မနာလိုစိတ်နဲ့ကြည့် သူတွေ ဒီမိန်းမ လေယာဉ်မှူးကြီးအလုပ်ကို လုပ်နိုင်ပါ့မလား ဆိုပြီး သံသယနဲ့ကြည့်သူတွေလဲ ရှိပါတယ်လို့ အမျိုးသမီးလေယာဉ်မှူးကြီး ကက်ပတိန် ကန်ချလက ပြောသတဲ့။
ညွှန်း - ဆွေဆွေကြည် Facebook - http://www.facebook.com/sweswekyi2012

Source by :http://www.irrawaddyblog.com/

.jpg?width=750)