
(ပုံ - နေပြည်တော်က လေဟာပြင်ဈေး)
မြန်မာပြည်မှာ စစ်အစိုးရအုပ်ချုပ်တဲ့ အချိန်ကာလတခုမှာ ထူးထူးဆန်းဆန်းငွေစက္ကူတွေကို သုံးခဲ့တာရှိပါတယ်၊ ငွေအမ်းရ၊ လဲရတာ ဘယ်လိုမှ အဆင်မပြေတဲ့ ၄၅ ကျပ်တန်၊ ၉၀ တန် ငွေစက္ကူတွေပါပဲ။
ပြန်ကြည့်ရင် ၄၅ ကျပ်တန်ရော ၉၀ တန်ရော ၉ ကနေ အဆတိုးသွားတဲ့ ကိန်းဂဏန်းတွေပါပဲ။ ၉ ငါးလီ ၄၅၊ ၉ ဆယ်လီ ၉၀၊ ဒီလိုပါ။ လေ့လာသူတွေကတော့ ဒီလို ဂွကျကျ ငွေစက္ကူတွေကို ထုတ်ဖြစ်ဖို့ ဗေဒင်ဆရာတွေက နောက်ကွယ်ကနေ အကြံပေးတာလို့ ဆိုကြပါတယ်၊ ဗေဒင် ဆရာတွေဟာ မြန်မာပြည်က ဗိုလ်ချုပ်တွေ တခုခုမလုပ်ခင် ရက်ကောင်းရက်မြတ်ရွေးတဲ့ နေရာ၊ အရပ်မျက်နှာ ရွေးချယ်တဲ့အခါ၊ ကိန်းဂဏန်းတွေ ရွေးတဲ့အခါမျိုးမှာ အခါတော်ပေးလေ့ ရှိပါတယ်။
ဥပမာ အနေနဲ့ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပါတယ်၊ ၉ လပိုင်း ၁၈ ရက်နေ့ဖြစ်လို့ ၉ ကနေ အဆတိုးသွားတဲ့ ဂဏန်းတွေပါပဲ။
မြန်မာပြည်မှာ စစ်အစိုးရအုပ်ချုပ်တဲ့ အချိန်ကာလတခုမှာ ထူးထူးဆန်းဆန်းငွေစက္ကူတွေကို သုံးခဲ့တာရှိပါတယ်၊ ငွေအမ်းရ၊ လဲရတာ ဘယ်လိုမှ အဆင်မပြေတဲ့ ၄၅ ကျပ်တန်၊ ၉၀ တန် ငွေစက္ကူတွေပါပဲ။
ပြန်ကြည့်ရင် ၄၅ ကျပ်တန်ရော ၉၀ တန်ရော ၉ ကနေ အဆတိုးသွားတဲ့ ကိန်းဂဏန်းတွေပါပဲ။ ၉ ငါးလီ ၄၅၊ ၉ ဆယ်လီ ၉၀၊ ဒီလိုပါ။ လေ့လာသူတွေကတော့ ဒီလို ဂွကျကျ ငွေစက္ကူတွေကို ထုတ်ဖြစ်ဖို့ ဗေဒင်ဆရာတွေက နောက်ကွယ်ကနေ အကြံပေးတာလို့ ဆိုကြပါတယ်၊ ဗေဒင် ဆရာတွေဟာ မြန်မာပြည်က ဗိုလ်ချုပ်တွေ တခုခုမလုပ်ခင် ရက်ကောင်းရက်မြတ်ရွေးတဲ့ နေရာ၊ အရပ်မျက်နှာ ရွေးချယ်တဲ့အခါ၊ ကိန်းဂဏန်းတွေ ရွေးတဲ့အခါမျိုးမှာ အခါတော်ပေးလေ့ ရှိပါတယ်။
ဥပမာ အနေနဲ့ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပါတယ်၊ ၉ လပိုင်း ၁၈ ရက်နေ့ဖြစ်လို့ ၉ ကနေ အဆတိုးသွားတဲ့ ဂဏန်းတွေပါပဲ။
ကိုးဂဏန်းကတော့ မြန်မာတွေအတွက် ကံကောင်းတဲ့ နံပါတ်ဖြစ်နေတာ ဘုရားရဲ့ ဂုဏ်တော် ၉ ပါးနဲ့ ပတ်သက်နေပါတယ်။“မြန်မာပြည်က ထိပ်တန်း စစ်ဗိုလ်ချုပ်တွေဟာ သေရေးရှင်ရေးကိစ္စတွေမှာ ဗေဒင်ကို အားကိုးကြတယ်” လို့ တိုကျိုတက္ကသိုလ်၊ ယဉ်ကျေးမှု မနုဿဗေဒဌာန( cultural anthropology) ပါမောက္ခ ကီကို တိုဆာ Keiko Tosa က ဆိုပါတယ်။
မြန်မာပြည်က ခေါင်းဆောင်တော်တော်များများဟာ န၀ရတ်လက်စွပ်ကို ၀တ်ကြပါတယ်၊ ပတ္တမြားက အလယ်က၊ စိန်အပါအ၀င် တခြားရတနာ ၈ မျိုးက ဘေးကနေ ၀ိုင်းရံထားတဲ့ လက်စွပ်ပါ၊ ကံကောင်းမယ်။ အဆိုးတွေနဲ့ ကင်းဝေးမယ်လို့ ယုံကြည်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည်က ပေးစာ တခုမှာ နိုင်ငံရေးသမားတွေ နံပါတ်ကိုး အပေါ် ယုံကြည်ကြတဲ့ ကိစ္စဟာ လူ ရယ်စရာ။ ခပ်ညံ့ညံ့ ပြက်လုံးတခုပါပဲလို့ ရေးခဲ့ပါတယ်။
စစ်အစိုးရရဲ့ နံပါတ် ၁ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြို့တော်ကို ပြောင်းရွှေ့ဖို့ အမိန့်ပေးလိုက်တာလည်း ဗေဒင်ရဲ့ အလိုအရပဲလို့ ယုံကြည်ကြပါတယ်၊ မြို့တော်သစ်ကို မပြောင်းရင် စစ်အစိုးရ ပျက်စီးကိန်းဆိုက်မယ်ဆိုတဲ့ လက်စွဲတော် ဗေဒင်ဆရာရဲ့ အလိုအရ ပြောင်းသွားတာလို့ ဆိုကြပါတယ်။
ရန်ကုန်မြို့က ပညာတတ်တယောက်က “ဗိုလ်ချုပ်မှူးကြီးက အိပ်မက်ထဲမှာ သူ့ခေါင်းကို ဆင်နင်းတယ်လို့ အိပ်မက်မက်တယ်၊ အဲဒီအိပ်မက်ကို အခါတော်ပေး ဗေဒင်ဆရာက အတိတ်ကောက်တော့၊ ဒါဟာ ကံဆိုးမယ့် နိမိတ်ပဲ၊ မြို့တော်ကို ပြောင်းမှ ဖြစ်မယ်လို့ အကြံပေးတယ်” လို့ ပြောပါတယ်။
ဒီလို ကောလဟလတွေကို ဘယ်သူက စဖြန့်သလဲဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ မိန်းမကြောက်သူဖြစ်ပြီး ဗေဒင်ကို အလွန်အကျွံယုံတဲ့ သူ့မိန်းမ ပြောသမျှ လိုက်လုပ်နေရတာဆိုတဲ့ ကောလဟလမျိုးတွေလည်းရှိပါတယ်။
နေပြည်တော်မှာ ကျနော်တည်းခိုတဲ့ ဟိုတယ်ကမန်နေဂျာ အမျိုးသမီးရဲ့ အဖေက စစ်တပ်က အရာရှိလို့ ပြောကြပါတယ်၊ နေပြည်တော်ကို ပြောင်းလာတာ ဗေဒင်နဲ့ပတ်သက်မှုရှိသလားလို့် မေးကြည့်တော့ သူက “ဗေဒင် - ဟုတ်လား”လို့ သံယောင်လိုက်ပြောရင်း နေပြည်တော် မြေပုံကို ဖြန့်လိုက်ပါတယ်၊ မြေပုံပေါ်က လမ်းမကြီးတွေကို လိုက်ရေတွက်ကြည့်တော့ လမ်းမကြီး ၉ သွယ်ကို တွေ့ရပါတယ်။
ဒါပေမယ့် မန်နေဂျာအမျိုးသမီးကတော့ စစ်ရေးအမြင်က အဓိက ကျတယ်လို့ ပြောပါတယ်။
ဂျပန်ခေတ်မှာလည်း နေပြည်တော်ဟာ စစ်ဌာနချုပ် ဖြစ်ဖူးတယ်လို့ သူက ပြောပါတယ်၊ လွတ်လပ်ရေးရခါစက အစိုးရကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ ကွန်မြူနစ်ပါတီကလည်း ဂျပန်ခေတ် စစ်ဌာနချုပ်ကို ပြန်အသုံးချခဲ့ဖူးတယ်လို့ ဆိုပါတယ်။
နေပြည်တော်မှာ အရှေ့နဲ့ အနောက် သွယ်တန်းနေတဲ့ တောင်တန်းရှိပါတယ်၊ မြစ်တွေက ၀ိုင်းရံနေပါတယ်၊ နေပြည်တော်က စစ်ရေး အမြင်အရ သဘာဝခံတပ်ကြီးတွေရှိတယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့ မတ်လမှာ ရာထူးက အနားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ လက်ရှိသမတ ဦးသိန်းစိန်နဲ့ တခြား အရာရှိတွေဟာ တောင်တန်းကြီးရဲ့ အရှေ့ဘက်မှာ အိမ်တွေ အသီးသီးဆောက်ပြီး နေကြပါတယ်။ အရှေ့ဘက်က လွင်ပြင်အထိ ပေါက်တဲ့ မြေအောက်လှိုင်ခေါင်းတွေကလည်း တော်တော် များများ တူးထားကြတယ်လို့ အဆိုရှိပါတယ်။ တခြားနိုင်ငံတွေက ထောက်လှမ်းရေး အဖွဲ့တွေက မြေအောက်လှိုင်ခေါင်း ဆောက်နေဆဲဆိုတာ အသေအချာ ယုံကြည်ထားကြပါတယ်။ ကောလဟလမျိုးစုံထဲမှာ နယူးကလီးယားစီမံကိန်းအတွက် ဆောက်တယ် ဆိုတာလည်း ပါဝင်ပါတယ်။
အီရတ်သမတဟောင်းရဲ့ နာမည်က ဆာဒမ်ဟူစိန်ပါ။ စိန် ဆိုတာ ပါတယ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနာမည်ကတော့ ရွှေနဲ့ ဆုံးပါတယ်၊ ဒီလိုနဲ့ အီရတ်ကို အမေရိကန်က တိုက်ခိုက်ပြီးတဲ့ အချိန်မှာ “စိန် ပြီးရင် ရွှေ အလှည့်လာမယ်” ဆိုတဲ့ ကောလဟလတွေ ထွက်ပေါ်ခဲ့ပါတယ်၊ ဒီကောလဟလကြောင့် မြန်မာပြည်က ဒီမိုကရေစီလှုပ်ရှားသူတွေကို နှိပ်ကွပ်လို့ အမေရိကန်နဲ့ မဆင်မပြေဖြစ်နေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် အမေရိကန်တပ်တွေ ၀င်တိုက်မှာကို ထိတ်လန့် သွားပုံရပါတယ်။
မြန်မာပြည်အနှံ့ ခရီးသွားမယ်ဆိုရင်လည်း တက္ကသိုလ်တွေကို တနိုင်ငံလုံး အနှံ့မှာ အများကြီးကို တွေ့ရမှာပါ။ အရင်တုန်းက ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်လောက်ရှိရာကနေ အခုတော့ မြို့ငယ်တွေအထိ တက္ကသိုလ်တွေရှိလာပါတယ်။ ၁၉၈၈ ခုနှစ် ကျောင်းသားတွေ ခေါင်းဆောင်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုပေါ်ပေါက်ခဲ့ပြီးကတည်းက အာဏာပိုင်တွေက တက္ကသိုလ် တွေကို ဒေသ အလိုက် သီးခြားစီဖြစ်အောင် ခွဲထုတ်လိုက်လို့ပါပဲ။
“တက္ကသိုလ်တွေကို အခုလို ခွဲလိုက်ရတာ အတော်ဆုံး ကျောင်းသားတွေ ဒီမိုကရေစီ လှုပ်ရှားမှု ထဲမှာ ပါဝင်မလာရအောင် ကြိုတင်ကာကွယ်ထားလိုတဲ့ ရည်ရွယ်ချက်နဲ့ပါပဲ။ တက္ကသိုလ် ပညာရေး အရည်အသွေးတွေ ကျဆင်းကုန်ရင် တိုင်းပြည်လည်း ပျက်လောက်တယ်။ နောက်ဆုံးမှာ မြို့တော် ကိုပါ ပြောင်းရွှေ့လိုက်တာကတော့ ကျောင်းသားတွေနဲ့ ၀န်ထမ်းတွေ ပူးပေါင်းပြီးတော့ အစိုးရ ယန္တ ယား ကို ဆိုးဆိုးရွားရွား ထိခိုက်စေလောက်တဲ့အထိ မငြိမ်သက်မှုတွေ လုပ်မလာအောင် ကြိုတင် ကာကွယ်တဲ့အနေနဲ့၊ ငြိမ်ဝပ်ပိပြားရေးအတွက် အစိုးရက အဆုံးစွန် လုပ်ဆောင်ချက်ပဲ။” လို့ ရန်ကုန် အိုင်တီ ကုမဏတခုက ဥက္ကဌက ပြောပါတယ်။
နေပြည်တော်က နာမည်တော်တော်များဟာ ပါဠိအမည်တွေချည်းပါပဲ။ မြန်မာပြည်က တိုင်းရင်းသားတွေအပါအ၀င် အများစု သက်ဝင်ယုံကြည်ကြတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာကျမ်းတွေမှာ အသုံးပြုတဲ့ ဘာသာစကားဖြစ်ပါတယ်။ အစိုးရက ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်ခဲ့တဲ့ သာသနာ့ဒါယိကာမင်းတွေကို လေးစားသမှုပြုတဲ့ဆိုတဲ့ သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။
နေပြည်တော်က စစ်တပ်နယ်မြေမှာ လေးစားလောက်တဲ့ မြန်မာဘုရင်ကြီး သုံးပါးရဲ့ ရုပ်ထုကြီးတွေ ရှိပါတယ်၊ နေပြည်တော်ဆိုတဲ့ အဓိပ္ပါယ်ကလည်း မင်းတွေ စံမြန်းရာ ဌာနဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
“နေပြည်တော်ဆိုတဲ့ ခေါ်တွင်စေတာကတော့ ဘုရင်ခေတ်ကို ပြန်အသက်သွင်းတဲ့ သဘော ပါပဲ”လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်၊
မြန်မာဘုရင်တွေခေတ်တုန်းကလည်း ဘုရင်တပါးနန်းတက်တိုင်း မင်းနေပြည်တော်လည်း ပြောင်း တတ်တဲ့ အစဉ်အလာရှိပါတယ်။
မြန်မာစစ်တပ်က ခေါင်းဆောင်အတော်များများက ဗမာလူမျိုးတွေကများပြီး၊ တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တပ်တွေက ဗမာတွေ ကြီးစိုးထားတဲ့ စစ်တပ်ကို ဆန့်ကျင်စိန်ခေါ်ကြပါတယ်။
ဒီလိုနဲ့ မြန်မာပြည်ရဲ့ စီးပွားရေးကိုတော့ တရုတ်နဲ့ အိန္ဒိယနွယ်ဖွားတွေက ခြယ်လှယ်နေကြပါတယ်၊ မြို့တော်ကို ပြောင်းလိုက်တာကို ကြည့်ရင် ဗမာလူမျိုးတွေက နိုင်ငံရေးဦးဆောင်မှုကို တခြား တိုင်းရင်းသားတွေလက်ထဲကို ဘယ်တော့မှ ထည့်မပေးချင်ဘူးဆိုတဲ့ လက္ခဏာပါပဲ။
နေပြည်တော်အခြေစိုက် သံတမန်တဦးကတော့ မြန်မာအစိုးရထဲက ထိပ်တန်းခေါင်း ဆောင် တွေက ခပ်ညံ့ညံ့လူတွေမဟုတ်ကြဘူးလို့ပြောပါတယ်၊ မြို့တော်ကို မဟာဗျူဟာ ရှုထောင့်၊ အကျိုးသင့် အကြောင်းသင့် စဉ်းစားပြီးမှ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်၊ သူတို့ စဉ်းစားတဲ့ အကြောင်းပေါင်းများစွာထဲမှာ ဗေဒင်ကိန်းဂဏန်းတွေလည်း ပါမယ်ဆိုတာ စဉ်းစား ကြည့်လို့ ရပါတယ်။
ဒီမိုကရေစီ အင်အားစုတွေထဲမှာလည်း ဗမာလူမျိုးက အများစုပါပဲ။
ဒီမိုကရေစီအင်အားစုတွေက ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ၈ လေးလုံးနေ့မှာ အထွေထွေ သပိတ်ကြီး ဆင်နွှဲခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်က လူထုကို ပထမဆုံး မိန့်ခွန်းပြောတဲ့နေ့ကလည်း သြဂုတ်လ ၂၆ ရက်နေ့မှာ ဖြစ်နေပါတယ်။ ၂ နဲ့ ၆ ပေါင်းရင်လည်း ၈ ပဲ ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗဟိုကော်မတီ ၀င်ဖြစ်ခဲ့ တဲ့ ဦးခင်မောင်ဆွေကို အတိုက်အခံတွေအတွက် ၈ ဂဏန်းက ကံကောင်းစေတဲ့ နံပါတ်လားလို့ မေးကြည့်ပါတယ်။
ဦးခင်မောင်ဆွေက ၈ ဂဏန်းဆိုတာက ကံကောင်းတဲ့ နံပါတ်မဟုတ်တဲ့အကြောင်း ၊ ဘုရင်တွေ ခေတ်တုန်းက နိမိတ်မကောင်းတဲ့ နံပါတ်လို့ အယူရှိခဲ့တဲ့ အကြောင်း၊ ဒါကြောင့် ၈ ဂဏန်းကို သုံးပြီး အစိုးရကို ခြိမ်းခြောက်ခဲ့တာလို့ ပြောပြပါတယ်၊
စစ်ဗိုလ်ချုပ်တွေ ၉ ဂဏန်းအပေါ် ယုံကြည်တဲ့ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ရယ်စရာလို့ သဘောထားခဲ့ပါတယ်၊ ဒါပေမယ့် အတိုက်အခံတွေကိုယ်တိုင်ကျတော့လည်း ၉ ဂဏန်းသမား အစိုးရကို ခြိမ်းခြောက်ဖို့ ၈ ဂဏန်းကို အသုံးချနေတယ်ဆိုတာကတော့ ကြားလူတွေရဲ့ အမြင်မှာ လူရယ်စရာပဲ မဟုတ်ပါလား။
(Mainichi Japan) January 21, 2012
Written by နေသွင်
http://www.maukkha.org
ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ - အပိုင်း (၁) - နေပြည်တော်သို့တခေါက်
ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ - အပိုင်း (၃) - ဗေဒင်၊ ယတြာနှင့် ဗိုလ်ချုပ်ကြီးများ အုပ်ချုပ်သော တိုင်းပြည်
ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ- အပိုင်း (၄) ဗုဒ္ဓဘာသာ၊ ခြင်္သေ့နှင့် ဆင်ဖြူတော် ပုံပြင်များ
ဂျပန်သတင်းထောက်တဦး၏ မှတ်စုများ - အပိုင်း (၅) မြန်မာပြည်က ရွှေနှင့် မူးယစ်ဆေးတို့၏ ၀ိရောဓိ
Source by :http://www.maukkha.org/




.jpg?width=750)
