Home » , » အချိုရည်စက် နဲ့ ကြိုးမဲ့ အင်တာနက်

အချိုရည်စက် နဲ့ ကြိုးမဲ့ အင်တာနက်

Written By မောင်စေတနာ on Monday, March 19, 2012 | 4:13:00 PM

စက်တလုံးဟာ အလုပ် ဘယ်နှစ်ခု လုပ်နိုင်သလဲ?

တိုကျိုမှာတော့ ဘိလပ်ရေ ရောင်းတဲ့စက်တွေက အလုပ် ၂ မျိုး လုပ်ကိုင်နေပါတယ်။ မူလလက်ဟောင်း အချိုရည် ရောင်းနေတဲ့အပြင် ကြိုးမဲ့အင်တာနက်ကိုပါ တပ်ဆင်ထားတဲ့အတွက် စက်အနီးတ၀ိုက်မှာ အင်တာနက် သုံးလို့ ရနေပြီပေါ့။

အချိုရည် ပိုပြီး ၀ယ်ချင်စိတ်ဖြစ်လာအောင် လုပ်ပြတဲ့ နောက်ဆုံးပေါ် ၀န်ဆောင်မှုပေါ့။

Ito En ကုမ္ပဏီ ရဲ့ စက်တွေဆိုရင် လျှပ်စစ်စွမ်းအား အသုံးပြုမှု ၃၀ % လျော့နည်းအောင် လုပ်ထားတယ် တဲ့။ ဂျပန်နိုင်ငံတလွှားမှာ စက်အလုံးရေ တသိန်းခွဲ ရှိတယ်၊ အဲဒီစက်တွေကို၂ နှစ်အတွင်း စက်အသစ်များနဲ့ အစားထိုးမယ်

ဒီကုမ္ပဏီရဲ့ Green လက်ဘက်ရည်ကတော့ သိတဲ့အတိုင်း အရမ်း ပေါ်ပြူလာ ဖြစ်နေပါတယ်။ ဂျပန်မှာတင်မက နိုင်ငံတကာကိုပါ ထိုးဖောက်နေပါပြီ။

အဆာဟိ (Asahi) အချိုရည် ကုမ္ပဏီကလည်း ကြိုးမဲ့ အင်တာနက်ဆင်ထားတဲ့ ဘိလပ်ရေ ရောင်းစက်တွေ ဆင်နေပြီ ဆိုပဲ။ ငါးနှစ် အတွင်း စက်ပေါင်း တသောင်း တပ်ဆင်သွားမယ် တဲ့။ ဟုတ်ပါတယ်၊ အင်တာနက်ကတော့ ပိုက်ဆံပေးစရာ မလိုပါဘူး။

ကိုယ့်မှာ စမတ်ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့ ပါလာရင် အင်တာနက် သုံးပေတော့။

အချိုရည် အရောင်းသွက်ဖို့ အင်တာနက်နဲ့ ဆွယ်တဲ့အတွက် အွန်လိုင်းတက်လိုသူများအတွက် အဆင်ပြေပါတယ်။ သူတို့အချိုရည်တွေလည်း ကြော်ငြာပြီးသားဖြစ်၊ တကယ်လည်း အရောင်းသွက်ပြီပေါ့။

Source by :http://www.irrawaddyblog.com/
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။