Home » , » ကသာ ဈေးမီးလောင်

ကသာ ဈေးမီးလောင်

Written By မောင်စေတနာ on Thursday, March 8, 2012 | 12:32:00 PM

ကသာမြို့တနေရာ (ဓာတ်ပုံ - http://vensobhana.blogspot.com/)

ကသာမြို့ မြို့မဈေးမီးလောင်လို့ ဆိုင်ခန်းပေါင်း ၃၇၄ ခန်း ပါသွားတယ်လို့ သတင်းရပါတယ်။

အနီးနားဝန်းကျင်က နေအိမ် ၁၀ လုံးလည်း ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် ၃ နာရီမှာ စလောင်တယ်၊ အခုအချိန်ထိ မီးကြွင်းမီးကျန်တွေ ငြှိမ်းနေရတုန်းပဲ လို့ ပြောပါတယ်။

ကာတွန်းဆရာ ဟာဂျူလီ (ကသာ) ရဲ့ ဈေးဆိုင်ခန်းလည်း မီးထဲ ပါသွားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဆရာ ဟာဂျူလီနဲ့ ဖုန်းအဆက်အသွယ် မရသေးပါ။

မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့ တွက်ချက် စစ်ဆေးနေတုန်းပဲလို့ မြို့နယ် အုပ်ချုပ်ရေးရုံးက ပြောပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။