![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtZFTwGyOD7sghJkrofZ1noCcAbfo2Sfrzgb-Njpm9EecQ7TBTqdfcWM00tMDegNo_vjFkTcXspTkbYM3s9evJ155DGY5A2fz2KlHOJh-WGX-6bjEA7e9600ivLwebkP3jUzwxQmJuIWA/s400/94_0.jpg)
သို့ 
နိုင်ငံတော်သမ္မတကြီးခင်ဗျား
ကျနော် မြန်မာနိုင်ငံသား မောင်စိုးအောင်သည် စင်ကာပူနိုင်ငံတွင် ခေတ္တလာရောက် အလုပ် လုပ်ကိုင်နေပါသည်။

ကျနော်မြန်မာနိုင်ငံသို့ ပြန်ရောက် သောအခါ ကျနော်၏နိုင်ငံကူးစာအုပ်ကို အသစ်လဲရန်အတွက် နိုင်ငံက ၀င်ငွေခွန် ထမ်းဆောင်စေသော ၄၀%ကို တရားဝင်စင်ကာင်္ပူ ဒေါ်လာမှ အမေရိကန်ဒေါ်လာသို့ တန်ဖိုး ပြောင်းလဲပြီး MFDB တွင် ဆောင်စေပါသည်။
ထို့ နောက်စာအုပ်ကိုအသစ်လဲပါသည်။
ယခုကျနော်သည်စာအုပ်ကို သက်တမ်းတိုးရန်အတွက် စင်င်္ကာပူရှိမြန်မာသံရုံးတွင် သွားရောက် လျောက်ထားစဉ် ကျနော် ထမ်းဆောင်ခဲ့သော ၀င်ငွေခွန်းများကို မြန်မာနိုင်ငံမှာဆောင်ခဲ့သောကြောင့် ခြားနားခွန်ဆိုပြီး ယခင် ထမ်းဆောင်ခဲ့သော အခွန်များကို ထပ်လောင်း၍ တောင်းဆိုပါသည်။
ထို့ ကြောင့်ကျနော်တို့ မြန်မာနိုင်ငံသားများသည် မည်သည့်နိုင်ငံ၏ဥပဒေကို အတည်ယူ၍ မည်သို့ မည်ပုံပြုလုပ်ရပါမည်နည်း။
မြန်မာနိုင်ငံတော်အခွန်ရုံးက ၄၀%၊ စင်င်္ကာပူရှိမြန်မာသံရုံးက ခြားနားခွန် ဆိုပြီး အမျိုးမျိုး ပါးစပ်ဥပဒေများပြုလုပ်နေသောကြောင့် ဒုက္ခတော်တော်ရောက်ကျရပါသည်။
မည်သည့်နိုင်ငံတွင် အလုပ်လုပ်၊ နေနေ အခွန်ဥပဒေကို တစ်ညီတစ်ညွတ်ထဲဖြစ်စေချင်ပါသည်။ အခွန်ထမ်းဆောင်ရန် သံရုံးသို့ သွားလျင်လဲ၂ပတ်၃ပတ် အချိန်ယူပြီး ရက်ချိန်းပေးတတ်ပါသည်။ သမ္မတကြီးထံ ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။
စိုးအောင်
ခေတ္တ
စင်င်္ကာပူ

Source by :http://www.irrawaddyblog.com
1 comments:
တင်ပြသင့်နေဘီ အဲသံရုံးကို မီးပါရှို့သင့်နေတာ
Post a Comment