Home » , » မလေးရှားနိုင်ငံ ရွှေတောင် NO.1 စားသောက်ဆိုင်မှ ကျင်းပသော ဂီတဖျော်ဖြေရေးပွဲတော် အမှတ်တရ ဓာတ်ပုံများ

မလေးရှားနိုင်ငံ ရွှေတောင် NO.1 စားသောက်ဆိုင်မှ ကျင်းပသော ဂီတဖျော်ဖြေရေးပွဲတော် အမှတ်တရ ဓာတ်ပုံများ

Written By မောင်စေတနာ on Wednesday, January 25, 2012 | 9:39:00 PM

တရုတ်နှစ်သစ်ကူး ပိတ်ရက်တွင် ရွှေတောင် NO.1 စားသောက်ဆိုင်မှ ကျင်းပသော ဂီတ ဖျော်ဖြေရေးပွဲတော် အစီအစဉ်အား မလေးရှားနိုင်ငံ KL (Indoor Stadium Negara) တွင် ပြုလုပ် ကျင်းပခဲ့ပါတယ်။

ပထမပိုင်း ဖျော်ဖြေမှုအား နေ့လည် ၂ နာ၇ီခွဲ အချိန်တွင် ဖျော်ဖြေရေး ဂီတပွဲတော်အား စတင်ပြီး ပထမဦးစွာ FIVE STAR လူရွှင်တော် အဖွဲ့မှ မိတ်ဆက် စကားများ ပြောကြားပြီး မလေးရောက် ရွှေမြန်မာများ အတွက် ထိရောက်သော ဟာသ ပျက်လုံး အစီအစဉ်များဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။

ဆက်လက်၍ နေ့လည် ၃ နာရီခွဲ အချိန်တွင် အဆိုတော်များဖြစ်သော ဂျင်းနီ ၊ ပူစူး ၊ ရှင်ဖုန်း ၊ ဇော်ပိုင် ၊ ချစ်သုဝေ ၊ ရဲလေး ၊ JOKER ဆုန်သင်းပါရန် ၊ ချစ်ကောင်း ၊ ဝိုင်းစုခိုင်သိန်း နှင့် Rဇာနည် စသည့် အဆိုတော်များမှ အလှည့်ကျ သီဆို သွားခဲ့ပါတယ်။

ညနေ ၅နာရီခွဲ အချိန်တွင် ဒုတိယပိုင်း ဖျော်ဖြေမှုကို စတင်၍ ကောင်းနိုးရာရာ သီချင်းများဖြင့် အဆိုတော်များမှ သီဆိုပေးပြီး ရှိုးပွဲလက်မှက် ကံစမ်းမဲ အစီအစဉ်များကို ည ၈ နာ၇ီအချိန်တွင် ပြုလုပ်ကာ ၉ နာရီ အချိန်တွင် ဖျော်ဖြေရေး အစီအစဉ်အား အောင်မြင်စွာ ပိတ်သိမ်း နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ သတင်းဓာတ်ပုံ များကို ကိုယ်တိုင် သွားရောက် သတင်းရယူ၍ ဂီတဖျော်ဖြေပွဲ အစီအစဉ်များအား ဓာတ်ပုံများဖြင့် အမှတ်တရ အွန်လိုင်း ပရိသတ်များ အတွက် တင်ဆက်ပေး လိုက်ပါတယ်။















































































သတင်း ဓာတ်ပုံများ ရယူရေး အတွက် အဖက်ဖက်မှ ကူညီပေးသော ရွှေတောင် နှင့် IT GARDEN မှ တာဝန်ရှိသူများ အားအထူး ကျေးဇူးတင် ရှိပါသည်။


http://www.nayzawlin.com/2012/01/no1.html
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။