Home » » တက္ကသိုလ်ဝင်ခွင့် များကို ဇူလိုင်လ ၂၄ ရက်နေ့ မှစတင်၍ လျှောက်ထား ရတော့မည်

တက္ကသိုလ်ဝင်ခွင့် များကို ဇူလိုင်လ ၂၄ ရက်နေ့ မှစတင်၍ လျှောက်ထား ရတော့မည်

Written By မောင်စေတနာ on Monday, July 18, 2011 | 12:59:00 PM

http://www.weeklyeleven.com/images/stories/July11/we/6428.jpg
အမှတ်စာရင်း လာရောက် လျှောက်ထားကြသူများအား ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရစဉ်

မိမိ တက်ရောက်လိုသော တက္ကသိုလ် ၀င်ခွင့်များရရန် လျှောက်လွှာတင်ခြင်းကို ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်၍ အဆင့်မြင့်ပညာဦးစီးဌာန -အောက်မြန်မာပြည်(သထုံလမ်း)၌ စတင် လျှောက်ထားရတော့မည် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားပြီးကြသည့် လူငယ်များနှင့် တက္ကသိုလ်ပညာရေး အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။

၂၀၁၁ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများမှာ မိမိတို့ဖြေဆိုခဲ့ကြသော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများ)ထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့်လမ်း ညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာပုံစံများကို ဇူလိုင် ၂၀ ရက်နေ့မှ စတင်ကာ ကိုယ်တိုင်သွားရောက် ထုတ်ယူနိုင်ကြသည်။

ထို့ပြင် မြန်မာနိုင်ငံစာစစ်အဖွဲ့ (ဇွဲကပင်ဆောင်) တွင် တစ်ဦးချင်းစီ ၏ ဘာသာရပ်ရမှတ် အတိအကျကို သိရှိရန် တက္ကသိုလ်ဝင်တန်းအောင်များက ထုတ်ယူလျက်ရှိနေရာ ဇူလိုင် ၂၀ ရက်နေ့ နောက်ဆုံးဖြင့် အမှတ်စာရင်းများ ထုတ်ပေးသွားမည်ဖြစ်သည် ဟု ဇူလိုင်လ ၁၂ ရက်နေ့က မြန်မာ နိုင်ငံစာစစ်အဖွဲ့ (ဇွဲကပင်ဆောင်)၌ အမှတ်စာရင်း လာရောက်ထုတ်ယူခဲ့သော ကျောင်းသူတစ်ဦးက ပြောပြခဲ့သည်။

ဘာသာရပ်အလိုက် မိမိတို့ တက္ကသိုလ်ဝင်တန်းတွင် ရရှိခဲ့သော ရမှတ်များနှင့် ချိန်ဆကာ ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်၍ တက္ကသိုလ် ၀င်ခွင့်များ လျှောက်ထားရတော့မည် ဖြစ်သောကြောင့် ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးတို့မှ ကျောင်းသားများလည်း အမှတ်စာရင်းထုတ်ယူမှု ပြုလုပ်လျက်ရှိနေကြသည်။

“မကြာခင်တက္ကသိုလ် ၀င်ခွင့်တွေ လျှောက်တော့မယ်ဆို ကျောင်းသားတွေဟာ ကိုယ်ဝါသနာပါတာနဲ့ ကိုယ့်ရမှတ်ကို ချိန်ဆပြီး ၀င်ခွင့်ရဖို့ ပထမ ဦးစားပေး၊ ဒုတိယဦးစားပေး နဲ့ ရွေးချယ်ကြပါ။ သူငယ်ချင်းက ဒီဘာသာယူလို့ ကိုယ်က လိုက်ယူတယ် ဆိုတာကတော့ နောင်မှာ ရည် ရွယ်ချက်အလွဲတွေ ရှိလာနိုင်ပါတယ်။ ပြီးတော့ ၀င်ခွင့်အချက်တွေကို သေချာနားလည် သဘောပေါက်မိစေဖို့ အဓိကျပါတယ်။ အရေးကြီးတဲ့ အချက်အနေနဲ့ကတော့ ကိုယ်က အကြောင်း တစ်စုံတစ်ရာကြောင့် ဘွဲ့ရအောင် ဆက်တက်ဖို့ အခက်အခဲရှိသည် ဖြစ်စေ၊ ဒါမဟုတ် ဒီနှစ်ပညာသင်နှစ်မှာ ကျောင်းမအပ်သေးဘူး ဆိုတာမျိုး မပြုလုပ်မိဖို့ အရေးကြီးတယ်။ ၀င်ခွင့်တင်တဲ့အချိန်မှာ တက္ကသိုလ်ဝင်တန်းအောင်တဲ့ ကျောင်းသားတိုင်း ကျောင်းအပ်ထားသင့်ပါတယ်။ ဒါကိုလည်း နှစ်စဉ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွေမှာ မပျက်မကွက် လျှောက်လွှာတင်ထားကြဖို့ ဖော်ညွှန်း ထားပြီးသားပါ” ဟု တက္ကသိုလ်ပညာ ရေးကဏ္ဍတွင် နှစ် ၃၀ ကျော်အတွေ့ အကြုံရှိဆရာကြီးက ရှင်းပြခဲ့သည်။

ဇူလိုင် ၂၄ ရက်မှ သြဂုတ်လ ၁၃ ရက်နေ့ထိ အောက်မြန်မာပြည်၊ သထုံလမ်း၌ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ စတင်လျှောက်ထားနိုင်ကြပြီး စာတိုက်မှဖြစ်စေလည်း ပေးပို့နိုင်ကြသည်။

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။