Home » , » ညောင်ကန်အေးသာသနာ့ရိပ်သာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားလွှာ (မလေးရှား)

ညောင်ကန်အေးသာသနာ့ရိပ်သာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားလွှာ (မလေးရှား)

Written By မောင်စေတနာ on Saturday, July 16, 2011 | 8:01:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDdV9F25PtYzt6mhHqLrezdLcuZb847y2YveiDSbMSeyWxb4U8XIOM1Te9MOND2NMtUaOE_4JgsMVwhqxKsEI-2oWm-__PEC4E4kj42azBWXisfVa4JBiO7yg5I5fBKWkqtJbKAzNqywbj/s400/BuddhistFlag.jpg
မလေးရှားနိုင်ငံ ၊ ကူချိုင်းလားမားဒေသ ၊ မဟာစည်သြဝါဒခံ ညောင်ကန်အေး သာသနာ့ရိပ်သာကြီးတွင် နှစ်စဉ် နှစ်တိုင်းကဲ့သို့ပင် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကြီး ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကျောင်းတော်၌ ဝါဆိုဝါကပ်တော်မူမည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ပင့်သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်မည် ဖြစ်ရာ စေတနာရှင်ကုလိုလ်ရှင် တို့သည်လည်း တတ်စွမ်းသမျှ ဒါနကုလိုလ်ရယူပါရန် နှင့် စုပေါင်းပူဇော် ရေစက်ချအလှူတော်သို့ ကိုယ်တိုင် သဟတ္ထိကမြောက် တက်ရောက်ပါဝင် လှူဒါန်းကြပါရန် နိဗ္ဗာန်ကိုရည်မျှော်သော စိတ်ထားဖြင့် ဖိတ်ကြားအပ်ပါသည်။

လှူဖွယ်ပစ္စည်းများ
-------------------
ပရိက္ခရာရှစ်ပါး အပြည့်အစုံ တစ်စုံ - RM - 100
သင်္ကန်းတစ်စုံ - RM - 50
နှစ်ထပ်သင်္ကန်းကြီးတစ်စုံ - RM - 50
သပိတ်တစ်လုံး - RM - 15
ထီးတစ်လက် - RM - 15
ဖိနပ်တစ်ရံ - RM - 15
ယပ်တစ်ချောင်း - RM - 15

စသည့်ဖြင့် ပါဝင် လှူဒါန်းနိုင်ပါသည်။

တစ်နေ့တာ အလှူရှင်များ
ကိုမောင်မောင်ဦး (ခိုင်မာကုမ္ပဏီ)
မောင်ဘိုဘို (ကေကေ) သူငယ်ချင်းတစ်စု

အစီအစဉ်
-----------

နေ့ရက် ။ ။ ၁၃၇၃ - ခုနှစ် ၊ ဝါဆိုလပြည့်ကျော် (၂)ရက် ( 17-7-2011 - တနင်္ဂနွေနေ့ )

အချိန် ။ ။ နံနက် (၈) နာရီမှ စတင်၍တစ်နေ့တာ အကျွေးအမွေးဖြင့် ဧည့်ခံကျွေးမွေး လှူဒါန်းကျင်းပမည်။ နေ့လည် ( ၁၂း၀၀ )နာရီတွင် ဆရာတော်အရှင်ကဝိသာရ M.A (Sri Lanka) မှ ရေစက်ချ အနုမောဒနတရားဟောကြားမည်ဖြစ်ပါသည်။ ပင့်သံဃာတော် ( ၁၅ ) ပါး

နေရာ ။ ။ ညောင်ကန်အေးသာသနာ့ရိပ်သာ
A.3-17,DYANSTY 2, JALAN KUCHAIL MAJU 2,OFF JALAN KUCHALLAMA, KUALA LUMPUR

ဆက်သွယ်ရန်ဖုန်း
017-2782 574 - 03 -79838 808


Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။