ထိုင်ဝမ်မှာ မြန်မာသင်္ကြန် ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။ ဒီလ ၁၅ ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။ ပွဲလုပ်မယ့်နေရာက ကျုံးဟိုမြို့နယ် ဝှါးရှင်းလမ်းမှာပါ။အဲဒီနေရာကို မြန်မာတန်းလို့လည်း ခေါ်ပါတယ်။"တရက်ပဲ လုပ်မယ်။ သင်္ကြန်အကလည်း ရှိတယ်။ အများကြီး လာတယ်။ မြန်မာတွေတင် မဟုတ်တောဘူး၊ထိုမ်ဝမ်သားတွေလည်း လာကစားတယ်။ လူထောင်ကျော်လောက် ရှိတယ်။ အခု ထိုမ်ဝမ်မှာ ဒီပွဲကို လူသိ များလာပြီ။ ၁၃နှစ်လောက်ရှိပြီ။ အစိုးရလဲ အရေးထားလာတယ်။ ဒါကြောင့် မြို့တော်ဝန် ကိုယ်တိုင် ဖွင့်ပွဲလုပ်တယ်" လို့ ထိုင်ဝမ်ရောက် မြန်မာပြည်သားတယောက်က ဧရာဝတီကို ပြောပါတယ်။

မြန်မာသင်္ကြန်ပွဲ ကြော်ငြာ
Source by :http://www.irrawaddyblog.com/




.jpg?width=750)

1 comments:
အခုလို အသိအမှတ်ပြုတာ ၀မ်းသာစရာဘဲ... ပျော်စရာကောင်းတဲ့သင်္ကြန်ကို အန္တာရယ် ကင်းကင်းနဲ့ ဆင်နွဲနိုင်ကြပါစေ......
Post a Comment